သွေးခွဲတိုင်းကွဲရ​အောင် မြန်မာပြည်သူ​ပြည်သားတွေမှာမျက်စိ​တွေ နား​တွေပါပြီး အခုဆိုရင် မိသားစုတစ်ခုတည်းလို ဖြစ်သွားပြီလို့ ဆိုလိုက်တဲ့ နေတိုး

//s9.kh1.co/51/512e3ac924fe20f098f2c55a5fc000902b486b3d.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

သွေးခွဲတိုင်းကွဲရ​အောင် မြန်မာပြည်သူ​ပြည်သားတွေမှာမျက်စိ​တွေ နား​တွေပါပြီး အခုဆိုရင် မိသားစုတစ်ခုတည်းလို ဖြစ်သွားပြီလို့ ဆိုလိုက်တဲ့ နေတိုး

မြန်မာပြည်သူပြည်သားတွေကတော့ စိတ်အားထက်သန်မှုအပြည့်နဲ့ လူထုလှုပ်ရှားမှုတွေမှာ မမောနိုင်မပန်းပါဝင်နေကြတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိကြတဲ့ ပြည်သူတွေလည်း များစွာရှိနေခဲ့ပါတယ်။ လူထုလှုပ်ရှားမှုမှာ ပါဝင်ကြရင်း အသက်ပေးလိုက်ရတဲ့သူရဲကောင်းတွေလည်း ရှိနေခဲ့ကာ ယနေ့မှာလည်း လူထုလှုပ်ရှားမှုပြုလုပ်ကြရင်း ကြွေလွင့်ခဲ့ရသူတွေရှိနေခဲ့ပါတယ်။ မင်းသားချောနေတိုးကတော့ လက်ရှိကိစ္စတွေနဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်ကိုလူမှုကွန်ယက်ထက်မှာ မျှဝေပေးလေ့ရှိပါတယ်။

Photo Credit: naytoe 2021officially ' s facebook page
Photo Credit: naytoe 2021officially ' s facebook page
Photo Credit: naytoe 2021officially ' s facebook page
Photo Credit: naytoe 2021officially ' s facebook page

အနုပညာရှင်တွေများစွာကလည်း အမှန်တရားဘက်ကနေ ရပ်တည်လျက်ရှိနေပြီး ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်နေခဲ့ကြပါတယ်။ နေတိုးကတော့ မြန်မာပြည်သူတွေဘက်ကနေ ရပ်တည်လျက်ရှိနေပြီး လူထုလှုပ်ရှားမှုတွေမှာလည်း ပါဝင်လျက်ရှိနေခဲ့ပါတယ်။ နေတိုးကတော့ ယခုမှာ သွေးခွဲတိုင်းကွဲရ​အောင် ပြည်သူ​တွေမှာမျက်စိ​တွေ နား​တွေပါပြီး အခုဆိုရင် မိသားစုတစ်ခုတည်းလို ဖြစ်သွားတဲ့ အကြောင်းပြောပြလာခဲ့ပါတယ်။

Photo Credit: naytoe 2021officially ' s facebook page
Photo Credit: naytoe 2021officially ' s facebook page
Photo Credit: naytoe 2021officially ' s facebook page
Photo Credit: naytoe 2021officially ' s facebook page

နေတိုးကတော့ " အားလုံးတစ်စိတ်တည်း သွေးခွဲတိုင်းကွဲရ​အောင်ပြည်သူ​တွေမှာ မျက်စိ​တွေ နား​တွေ ဦးနှောက်​တွေ ပါတယ် အခုဆိုရင်ပြည်သူ​တွေအားလုံးဟာ မေတ္တာ​တွေနဲ့တည်​ဆောက်ထားတဲ့မိသားစုတစ်ခုတည်းဖြစ်သွားကြပြီဗျ ပြည်သူ့ဘက်မှာပြည်သူ​တွေရှိ​နေသ​ရွေ့ပြည်သူ​​တွေအမြဲနိုင်​နေဦးမှာပါ" ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ ယနေ့မှာ လူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ မြန်မာပြည်သူတွေဘေးရန်ကင်းရှင်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

Source: naytoe 2021officially ' s facebook page

Photo Credit: naytoe 2021officially ' s facebook page
Photo Credit: naytoe 2021officially ' s facebook page
Photo Credit: naytoe 2021officially ' s facebook page
Photo Credit: naytoe 2021officially ' s facebook page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T