ခိုင်မာပြတ်သားတဲ့ဆုံးဖြတ်ချက်ကြွေးကြော်သံတွေနဲ့ တော်လှန်ရေးတိုက်ပွဲကို ယုံကြည်ချက်ရှိရှိနဲ့ ဆင်နွဲှနေတဲ့ ဘုန်းဆက်သွင်

//s9.kh1.co/5a/5ac1f96ef718faa275aba0a92d4d8c93b7bdebb8.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဇာတ်ကားတွေများစွာရိုက်ကူးထားပြီး သရုပ်ဆောင်ကောင်းတဲ့အပြင် လူငယ်ဆန်ပြီးပွင့်လင်းတဲ့ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူကကတော့ သရုပ်ဆောင်မင်းသားချောဘုန်းဆက်သွင်ပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်တဲ့အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်လျှောက်လှမ်းနေပြီဖြစ်တဲ့ ဘုန်းဆက်သွင်ကတော့ လတ်တလောအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်နေပြီး လူထုလှုပ်ရှားမှုတွေမှာ အားကြိုးမာန်တက်လုပ်ဆောင်နေသူပါပဲ..။

Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc

တက်နိုင်တဲ့ဘက်ကနေ အစွမ်းကုန်ကြိုးစားပါဝင်နေတဲ့ ဘုန်းဆက်သွင်ဟာ ရင်ဘတ်ချင်းတူပြီးချစ်ရတဲ့ညီအစ်ကိုမောင်နှမတွေနဲ့အတူ နေ့စဉ်ရက်ဆက်လှုပ်ရှားမှုတွေပြုလုပ်နေသလို ခိုင်မာပြတ်သားတဲ့ဆုံးဖြတ်ချက်ကြွေးကြော်သံတွေနဲ့ တော်လှန်ရေးတိုက်ပွဲကို ယုံကြည်ချက်ရှိရှိနဲ့ ဆင်နွဲှနေတာပဲ ဖြစ်ပါတယ်..။

ကြောက်နေရင်တောင် ကြောက်နေတဲ့ကိုယ့်စိတ်ကိုတော်လှန်ပြီး ကြိုးစားတိုက်မှာဖြစ်သလို အရေးတော်ပုံအောင်မြင်ဖို့အတွက် ပြည်သူတွေရဲ့စည်းလုံးမှုတွေကို ပြပြီး တိုက်ပွဲဝင်နေကြတဲ့အကြောင်းလေးတွေကိုလည်း ပြောပြထားပါသေးတယ်..။

Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc

"အေး ကြောက်နေရင်တောင် ကိုယ့်ကို ကိုယ် တော် လှန်ပြီး

မင်းတို့ကို တိုက်မယ် ရပ်ကွက် ထိုင် သပိတ် လုပ်ချင် လုပ်ပါ လမ်းပေါ်ထွက်တယ် ဆိုရင် လည်း အကြာကြီးမလုပ်ပါနဲ့ လူညီ ရင် ဘာမှ ကြောက်စရာမလိုပါဘူး သတိထားပါ

တိုင်းပြည်ကို ရောင်းစားနေကြတဲ့ ငါးထောင် စားနဲ့ ဒလန် ဆိုတဲ့ ကောင်တွေ ရပ်ကွက်ထဲ ဝင်လာရင် ဂတုံးတုံး / မျက်ခုံးမွှေး ရိပ်ပီး စောက်ခွက် ကို တက်တူး ထိုးပေးဖို့ လုပ်နေကြပြီ

ဒီပွဲ ကတော့ သူသေ သူသေ မင်းတို့သေ ဘဲ

ငါတို့ပြည်သူတွေ ဘယ်လောက်ညီ လည်း ဆိုတာပြမယ်

အရေးတော်ပုံ အောင်ရမည် အောင်ပြီ

???.." ဆိုပြီး ရေးသားထားတာပါ..။

ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ယုံကြည်မှုတွေအပြင် ပြည်သူတွေရဲ့အနာဂတ်တွေအတွက် တက်နိုင်တဲ့ဘက်ကနေ ကြိုးစားတိုက်ပွဲဝင်နေတဲ့ ဘုန်းဆက်သွင်တို့ သူငယ်ချင်းတွေရဲ့ ပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc

သတင်း အရင်းအမြစ်PhoneSett Thwin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T