အတိုက်အခိုက်တွေကြားမှာအသက်ပေးသွားရတဲ့ သူရဲကောင်းလေးတွေရဲ့နောက်ဆုံးခရီးကိုလိုက်ပို့ပေးဖြစ်ခဲ့တဲ့ ပိုပို၊မိစန္ဒီ၊ဟိဏ်းသစ်ရဲ့ဗီဒီယိုဖိုင်လေး

//s9.kh1.co/08/0849a2cb6cb8cecc2500fb7105e98830123e8250.jpeg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.....

ပရိသတ်ကြီးရေ ခုဆိုရင်တော့ အရှိန်ဟုန်ကောင်းလာပြီဖြစ်တဲ့ လှုပ်ရှားမှုကြီးဟာ အန္တရာယ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်နေရပြီဖြစ်သလိုလူငယ်တွေကလည်း နောက်မဆုတ်ဘဲ ရဲဝင့်စွာ အကာအကွယ်အပြည့်အစုံနဲ့ လှုပ်ရှားမှုတွေပြုလုပ်နေတာကိုလေးစားစွာတွေ့မြင်ရပါတယ်။ဒီထဲမှာမှ အသက်ပေးသွားရတဲ့ သူရဲကောင်းအာဇာနည်တွေလည်း များစွာထွက်ပေါ်ခဲ့တာကြောင့် အားလုံးက ဝမ်းနည်းမျက်ရည်ကျခဲ့ရတာအမှန်ပါပဲ။

Photo Credit : Heinn Thit Facebook Account
Photo Credit : Heinn Thit Facebook Account
Photo Credit : Heinn Thit Facebook Account
Photo Credit : Heinn Thit Facebook Account

အသက်ပေးသွားရတဲ့ သူရဲကောင်းလေးတွေဟာဆိုရင်လည်း အများစုမှာ လူငယ်လေးတွေဖြစ်တာကြောင့် မိသားစုက ယူကြုံးမရဖြစ်နေကြတာကိုလည်းကြည့်ပြီး ကိုယ်ချင်းစာစိတ်မကောင်းဖြစ်မိတာအမှန်ပါပဲနော်။သူတို့နဲ့ပတ်သက်ပြီး ပြည်သူတွေကဆုံးပါးခဲ့တဲ့နေရာလေးတွေမှာ ပန်းလေးတွေချကာ ဝမ်းနည်းကြောင်းသွားရောက်ဖော်ပြခဲ့သလိုအနုပညာရှင်တွေကလည်း သူတို့ရဲ့ဖေ့ဘွတ်အကောင့်တွေမှာ ဝမ်းနည်းကြောင်းတွေ အဆက်မပြတ်ဖော်ပြခဲ့ကာ ဂုဏ်ပြုခဲ့ကြတာကိုလည်းတွေ့ရပါတယ်။

Photo Credit : Heinn Thit Facebook Account
Photo Credit : Heinn Thit Facebook Account
Photo Credit : Heinn Thit Facebook Account
Photo Credit : Heinn Thit Facebook Account

ဒါ့အပြင် အချို့အနုပညာရှင်များကလည်း ကြွေလွင့်သွားတဲ့ သူရဲကောင်းလေးတွေရဲ့ အိမ်ထိသွားရောက်ကာကျန်ရစ်သူမိသားစုကိုအားပေးနှစ်သိမ့်ရင်းကူငွေတွေလည်း လှူဒါန်းခဲ့ပါသေးတယ်။အခုလည်း ပိုပို၊မိစန္ဒီနဲ့ ဟိဏ်းသစ်တို့ဟာ ကြွေလွင့်သွားတဲ့ အာဇာနည်သူရဲကောင်းလေးတွေရဲ့နောက်ဆုံးခရီးကိုကိုယ်တိုင်သွားရောက်ပို့ဆောင်ပေးဖြစ်ခဲ့တဲ့ ဗီဒီယိုလေးကိုဖော်ပြခဲ့ရာ ပရိသတ်ကြီးအတွက်ပြန်လည်ဝေမျှပေးရင်း ဒီလိုအဖြစ်ဆိုးကြီးကနေ မည်သူမျှမကြုံကြပါစေနဲ့ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Heinn Thit Facebook Account
Photo Credit : Heinn Thit Facebook Account
Photo Credit : Heinn Thit Facebook Account
Photo Credit : Heinn Thit Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T