လူထုလှုပ်ရှားမှုအတွင်းမှာ အသက်ပေးသွားခဲ့တဲ့ညီငယ်လေးအတွက် အလှူငွေ(၁၀)သိန်းသွားရောက်လှူဒါန်းခဲ့အာဘွိုင်း

//s9.kh1.co/94/9480a94d2dcb6e36bc702f671c8e8a09868577aa.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေအစွမ်းကုန်ပါ၀င်လှုပ်ရှားနေကြကာ ငြိမ်းချမ်းစွာနဲ့လုပ်ဆောင်နေကြတာကို အားလုံးလည်းသိမြင်ကြမယ်ထင်ပါတယ်နော်.....။ အခုလိုဖြစ်ပေါ်လာတဲ့ အခြေအနေအတွင်းမှာ အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူထဲကပြည်သူတွေပဲဖြစ်တာမလို့ တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။

Photo credit-Kyaw Phyo Tun's Facebook acc
Photo credit-Kyaw Phyo Tun's Facebook acc
Photo credit-Kyaw Phyo Tun's Facebook acc
Photo credit-Kyaw Phyo Tun's Facebook acc

လူထုလှုပ်ရှားမှုတွေအရှိန်အဟုန်မြင့်လာတာနဲ့အမျှ အခက်အခဲအတားအဆီးတွေများစွာလည်းတွေ့ကြုံနေကြရတာဖြစ်ပြီး ဖြိုခွင်းမှုတွေကြောင့် အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေလည်းအများအပြားရှိလာနေတာဖြစ်ပါတယ်နော်။ ဖြိုခွင်းမှုတွေကြောင့်အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းတွေထဲကတစ်ဦးဖြစ်တဲ့
ဟိန်းထွဋ်အောင်ကိုလည်း အာဘွိုင်းဟာတတ်နိုင်တဲ့ဘက်ကနေ အလှူငွေသွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

Photo credit-Kyaw Phyo Tun's Facebook acc
Photo credit-Kyaw Phyo Tun's Facebook acc
Photo credit-Kyaw Phyo Tun's Facebook acc
Photo credit-Kyaw Phyo Tun's Facebook acc

ဒီအကြောင်းအရာလေးကိုလည်း အာဘွိုင်းဟာသူ့ရဲ့ Facebookစာမျက်နှာမှာ "ဒီနေ့ ကျနော် နှင့် သူငယ်ချင်းမိတ်ဆွေ ကိုကြည်သာဟန်နဲ့အတူ ညီလေးဟိန်းထွဋ်အောင် အိမ်ကို သွားရောက်ခဲ့ပြီး ကျန်ရစ်သူဖြစ်တဲ့ (ညီလေးဟိန်းထွဋ်အောင်ရဲ့ဇနီး) ညီမလေးကို အလှုငွေ ၁၀ သိန်းပေးအပ်ခဲ့ကာ အားပေးနှစ်သိမ့်စကားများပြောကြားဖြစ်ခဲ့ပါတယ်ခင်ဗျာ။ မနက်ဖြန်ကျရင်လည်း ကျနော်တို့သူငယ်ချင်းနှစ်ယောက် နောက်ထပ် ဆုံးပါးသွားတဲ့ ညီလေးတယောက်ရဲ့ကျန်ရစ်သူမိသားစုထံထပ်မံသွားရောက်၍ တတ်အားသရွေ့ကူညီပေးသွားပါဦးမယ်ဗျ......" ဆိုပြီးရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Kyaw Phyo Tun's Facebook acc
Photo credit-Kyaw Phyo Tun's Facebook acc
Photo credit-Kyaw Phyo Tun's Facebook acc
Photo credit-Kyaw Phyo Tun's Facebook acc

သတင်း အရင်းအမြစ်Kyaw Phyo Tun's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T