တစ်ခုခုဆိုသမီးတို့ပြေး အဘွားရှေ့ကခံမယ်ဆိုတဲ့ အသက်(၇၄)နှစ်အရွယ်အမယ်အိုကို ကားနဲ့အိမ်အထိ ပြန်လိုက်ပို့ပေးခဲ့တဲ့ မေပန်းချီ

//s9.kh1.co/43/43c52b0e411214364b85a205e8eb329a3b8d4478.jpeg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

တစ်ခုခုဆိုသမီးတို့ပြေး အဘွားရှေ့ကခံမယ်ဆိုတဲ့ အသက်(၇၄)နှစ်အရွယ်အမယ်အိုကို ကားနဲ့အိမ်အထိ ပြန်လိုက်ပို့ပေးခဲ့တဲ့ မေပန်းချီ

ပရိသတ်ကြီးရေ Model၊သရုပ်ဆောင် မေပန်းချီကတော့ ဗီဒီယိုခေတ်ကတည်းက ဇာတ်ကားတွေအများအပြားမှာပါဝင်သရုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။မေပန်းချီက စိတ်သဘောထားပြည့်ဝပြီး ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ကာ လူအချင်းချင်းပေါ်မှာလည်း ကူညီဖေးမပေးတတ်တဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။မေပန်းချီကို အားပေးချစ်ခင်ကြတဲ့ပရိသတ်တွေကတော့ သူမရဲ့အနုပညာကိုလည်းအားပေးကြသလို စိတ်ထားလေးကိုပါ ချစ်နေကြတာဖြစ်ပါတယ်။မေပန်းချီက အခုချိန်မှာဆိုရင် အပေါင်းအသင်း၊မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့အတူလမ်းပေါ်ထွက်ပြီး လက်ရှိအခြေအနေကို ရင်ဆိုင်နေတာဖြစ်ပါတယ်။

Photo Credit:May Panche’s Facebook Acc 
Photo Credit:May Panche’s Facebook Acc 
Photo Credit:May Panche’s Facebook Acc 
Photo Credit:May Panche’s Facebook Acc 
Photo Credit:May Panche’s Facebook Acc 
Photo Credit:May Panche’s Facebook Acc 

မေပန်းချီကတော့ တတ်နိုင်တဲ့ဘက်ကနေ ပြည်သူလူထုတွေအားဖြစ်အောင် ပါဝင်လှုပ်ရှားနေတာကြောင့် သူမဟာဆိုရင်လည်းပဲ ပရိသတ်တွေအားပေးရကျိုးနပ်တဲ့ အနုပညာရှင်ဖြစ်ပါတယ်နော်။မေပန်းချီက နေ့စဉ်ရက်ဆက်အပြင်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။မနေ့ကဆိုရင်တော့ မေပန်းချီက မြောက်ဒဂုံကိုသွားပြီး လူစုချီတက်ရာနေရာမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းလိုက်တာဖြစ်ပါတယ်။မေပန်းချီက လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း အဘွားတစ်ယောက်နဲ့တွေ့ဆုံခဲ့တဲ့အကြောင်းလေးကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:May Panche’s Facebook Acc 
Photo Credit:May Panche’s Facebook Acc 
Photo Credit:May Panche’s Facebook Acc 
Photo Credit:May Panche’s Facebook Acc 

မေပန်းချီကတော့”ယနေ့ မြောက်ဒဂုံ အဘွားတစ်ယောက်နဲ့တွေ့တယ် ကန်ဇွန်ရွက်ခူးပြီးရောင်းတာ တစ်နေ့မှ ၅၀၀လောက်ရတာပါတဲ့ အခုက လမ်းလျှောက်လာတာလို့ပြောပါတယ်။တစ်ခုခုဆို သမီးတို့ပြေး အဘွားရှေ့က ခံမယ်တဲ့ အဘွားရယ် (၇၄)နှစ်ပါ အဘွားတို့ကသေလို့ရနေ ပြီ ကလေးတွေကိုဘာမှမဖြစ်စေချင်ဘူးတဲ့ ကိုယ်လည်း ကိုယ့်ရပ်ကွက် နားဆိုတော့ ကားအဝေးထားပြီး လမ်းလျှောက်သွားတာမို့လို့ အိတ်ထဲရေဝယ်သောက်ဖို့လောက်ပဲပါလို့ ပိုက်ဆံ၁၀၀၀၀ကန်တော့လိုက်တာ အဲ့လောက်အများကြီး မကိုင်ဖူးဘူးတဲ့ အပြန်လည်းသေချာ လိုက်ပို့ပေးလိုက်တယ်။အပြန်မှာပြောသွားသေးတယ် အဘွားတို့ နိုင်အောင်တိုက်မယ်တဲ့လေ”ဆိုပြီး ရေးသားထားပါတယ်နော်။

Photo Credit:May Panche’s Facebook Acc 
Photo Credit:May Panche’s Facebook Acc 
Photo Credit:May Panche’s Facebook Acc 
Photo Credit:May Panche’s Facebook Acc 
Photo Credit:May Panche’s Facebook Acc 
Photo Credit:May Panche’s Facebook Acc 

Source&Photo Credit:May Panche’s Facebook Acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T