ကလေးတွေကို ကူညီချင်ယောင်ဆောင်ပြီးအစုလိုက်အပြုံလိုက် ဒုက္ခရောက်အောင်လုပ်တဲ့သူတွေကို ပြတ်ပြတ်သားသားပြောဆိုလိုက်တဲ့ အေးသီတာ

//s9.kh1.co/ae/ae741ce22adb7d90242659f238ae245c59311da3.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကလေးတွေကို ကူညီချင်ယောင်ဆောင်ပြီးအစုလိုက်အပြုံလိုက် ဒုက္ခရောက်အောင်လုပ်တဲ့သူတွေကို ပြတ်ပြတ်သားသားပြောဆိုလိုက်တဲ့ အေးသီတာ

ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အေးသီတာကတော့ ဇာတ်ကားတွေ အများအပြားရိုက်ကူးခဲ့တာကြောင့် ပရိသတ်တွေနဲ့ ရင်းနှီးနေပြီးသားဖြစ်မယ် ထင်ပါတယ်နော်။ တစ်နိုင်တစ်ပိုင်စီးပွားရေးလေးလုပ်ပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ အေးသီတာက အခုဆိုရင်တော့ ကိုယ့်နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ တာဝန်ကျေပွန်နေတာ ဖြစ်ပါတယ် ။ အေးသီတာက မအားလပ်တဲ့ကြားကနေ လူထုလှုပ်ရှားမှုတွေမှာလည်း တတ်နိုင်သလောက်ပါဝင်ကူညီပေးနေတာ ဖြစ်ပါတယ် ။

Photo Credit -Aye Thida's FB Acc
Photo Credit -Aye Thida's FB Acc
Photo Credit -Aye Thida's FB Acc
Photo Credit -Aye Thida's FB Acc

ဒါ့အပြင် အေးသီတာက သူမရဲ့လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ပြည်သူပရိသတ်တွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် အားပေးစကားလေးတွေကို အမြဲတမ်းပြောကြားပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း အေးသီတာက လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ လူငယ်လေးတွေကို ကာကွယ်ပေးဖို့ တောင်းဆိုလာတာ ဖြစ်ပါတယ် ။ အေးသီတာက ကလေးတွေကို မကူညီပေးချင်လို့ရပေမယ့် ဒုက္ခရောက်အောင်တော့ မလုပ်ကြဖို့ ပြောထားတာပဲ ဖြစ်ပါတယ် ။

Photo Credit -Aye Thida's FB Acc
Photo Credit -Aye Thida's FB Acc
Photo Credit -Aye Thida's FB Acc
Photo Credit -Aye Thida's FB Acc

အေးသီတာက "ကလေးတွေကို ပြေးပုန်းစရာမြေအဖြစ် မကူညီချင် မကူညီပဲနေလို့ရပါတယ်ဗျာ…ဒါပေမဲ့ ကူညီသလိုလုပ်ပြီး အစုလိုက်အပြုံလိုက် ရဲလက်အပ်လိုက်တာမျိုးမလုပ်ပါနဲ့…ကလေးတွေမှာလည်း စိတ်ပူနေရတဲ့ မိသားစုတွေ ကျန်နေသေးတာ ကိုယ်ချင်းစာပေးပါ…ကိုယ့်သားသမီးသာ အခုလိုအခက်အခဲဖြစ်နေချိန် တစ်ခြားသူအဲ့လိုလုပ်ရင် ခံနိုင်မလား…"ဆိုပြီး သူမရဲ့ Facebook Account မှာတင်ထားတာ ဖြစ်ပါတယ် ။ ကဲ အပြင်ထွက်ပြီး ကိုယ့်နိုင်ငံရဲ့အနာဂတ်အတွက် အစွမ်းကုန် ကြိုးစားပေးနေတဲ့သူတွေ ဘေးကင်းကြစေဖို့အတွက် အားလုံးကိုယ်စား ဆုတောင်းပေးလိုက်ပါတယ်နော်။

Source & Photo Credit -Aye Thida's FB Acc

Photo Credit -Aye Thida's FB Acc
Photo Credit -Aye Thida's FB Acc
Photo Credit -Aye Thida's FB Acc
Photo Credit -Aye Thida's FB Acc
Photo Credit -Aye Thida's FB Acc
Photo Credit -Aye Thida's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T