ပြည်သူတွေရဲ့ အနာဂတ်နဲ့ တရားမျှတမှုအတွက် ဆက်လက်ချီတတ်ကာ လူထုလှုပ်ရှားမှုတွင် အားဖြည့်ပါဝင်နေတဲ့ ပိုပို

//s9.kh1.co/16/16d044b27e99bc0580140dc0a63be122d2c2b027.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ပရိသတ်ကြီးရေ.....အသံပါဝါအားကောင်းကောင်းနဲ့ လူအများ ကြိုက်နှစ်သက်တဲ့ သီချင်းတွေကို သီဆိုဖျော်ဖြေလေ့ရှိတဲ့ အဆိုတော် တစ်ဦးကတော့ ပိုပိုပဲ ဖြစ်ပါတယ်။သူမဟာ ပွင့်ပွင့်လင်းလင်းနေထိုင်တတ်သူလေး ဖြစ်ပြီး အဆိုပညာမှာ ဆိုရင်လည်း ထူးချွန်လှကာ သီချင်းအသစ်တွေကို ကိုယ်တိုင်ဖန်တီး ရေးသားတာလည်း တွေ့ရပါတယ်နော်.....။မကြာသေးခင်တုန်းကလည်း သူမရဲ့ သီချင်းအသစ်ထွက်ရှိတာ ကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးဝန်းရံမှုကိုလည်း ထပ်မံရရှိထားတဲ့ တေးသံရှင် တစ်ဦး ဖြစ်ပါတယ်။

Photo Credit- Po Po FB page
Photo Credit- Po Po FB page
Photo Credit- Po Po FB page
Photo Credit- Po Po FB page
Photo Credit- Po Po FB page
Photo Credit- Po Po FB page

ပိုပိုဟာ စိတ်ဓာတ်ကြံ့ခိုင်သူ တစ်ယောက်ဖြစ်ပြီး ရဲရင့်ပြတ်သားတဲ့ ခံယူချက်တွေကြောင့် ပြည်သူ လူထုလှုပ်ရှားမှုတွင် အားလုံးနဲ့ တစ်သားတည်း ပူပေါင်းကာ နေပူထဲတွင် မမောမပန်း တက်ကြွစွာ ပါဝင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ဒါ့အပြင် ကျဆုံးသွားတဲ့ သူရဲကောင်းတွေ အတွက်လည်း ကြေကွဲ ဝမ်းနည်းပူဆွေးကာ သူမရဲ့သူငယ်ချင်း မိတ်ဆွေတွေနဲ့ စုပေါင်းကာ ကိုယ် တိုင်သွားရောက် လှူဒါန်းပြီး စိတ်မကောင်းစွာဖြင့် အားပေးစကားများကိုလည်း​ ပြောခဲ့တာ ဖြစ်ပါတယ်။

Photo Credit- Po Po FB page
Photo Credit- Po Po FB page
Photo Credit- Po Po FB page
Photo Credit- Po Po FB page
Photo Credit- Po Po FB page
Photo Credit- Po Po FB page
Photo Credit- Po Po FB page
Photo Credit- Po Po FB page

မနေ့ကဆိုရင်လည်း ဂီတအနုပညာရှင်မောင်နှ မတွေနဲ့အတူ လူထုလှုပ်ရှားမှုတွင် အားဖြည့် ပါဝင် နေကြောင်းကို သူမရဲ့ Facebook စာမျက်နှာထက်တွင် "အမှန်ပြောရရင် ကြောက်တတ်တယ် ဒါပေမဲ့ ပြည်သူ တွေရဲ့ အနာဂတ် နဲ့တရားမျှတမှုအတွက် မ ကြောက် တော့ဘူး"ဆိုပြီး ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေကလည်း ပိုပိုရဲ့စိတ်ဓာတ်ကို လေးစားချစ်ခင် အားပေးကြမှာမို့ သူမရဲ့ ပုံရိပ်လေးတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်......။

Photo Credit- Po Po FB page
Photo Credit- Po Po FB page
Photo Credit- Po Po FB page
Photo Credit- Po Po FB page
Photo Credit- Po Po FB page
Photo Credit- Po Po FB page
Photo Credit- Po Po FB page
Photo Credit- Po Po FB page

သတင်း အရင်းအမြစ်Po Po FB page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T