ရှေ့တန်းကနေပြီး ပြည်သူတွေကိုကာကွယ်ပေးနေတဲ့ တိုက်စစ်မှူးတွေ သက်လုံကောင်းဖို့အတွက် ဆေးစွမ်းကောင်းတွေကို အခမဲ့လှူဒါန်းပေးမယ့် ကြာစိ

//s9.kh1.co/b8/b8f48a5ec0bb88a15eed1cc4b209d42a3c3aa18e.jpeg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ရှေ့တန်းကနေပြီး ပြည်သူတွေကိုကာကွယ်ပေးနေတဲ့ တိုက်စစ်မှူးတွေ သက်လုံကောင်းဖို့အတွက် ဆေးစွမ်းကောင်းတွေကို အခမဲ့လှူဒါန်းပေးမယ့် ကြာစိ

လူရွှင်တော်ကြာစိကတော့ ပရိသတ်တွေကို အမြဲတမ်းပျော်ရွှင်ရယ်မောအောင် လုပ်ပေးနိုင်စွမ်းရှိတဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။ကြာစိက ကိုယ်ပိုင်မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားလို့ အိမ်ထောင်ဦးစီးကောင်းပီသစွာနဲ့ ဇနီးနဲ့သမီးလေးကို ဂရုစိုက်ပေးတာဖြစ်ပါတယ်။ကြာစိက လက်ရှိမှာဆိုရင်လည်း လူရွှင်တော်အသိုင်းအဝိုင်းနဲ့အတူ ရှေ့ထွက်ပြီး ပြည်သူတွေဘက်ကနေဝန်းရံပေးနေတာဖြစ်ပါတယ်။ကြာစိတို့လူရွှင်တော်တစ်စုကလည်း အခုလိုအခြေအနေမျိုးမှာ တက်တက်ကြွကြွနဲ့လမ်းပေါ်ထွက်ပြီး ကိုယ်ယုံကြည်ရာကိုအကောင်အထည်ဖော်နေကြတာဖြစ်ပါတယ်နော်။

Photo Credit:Kyar Si’s Facebook Acc
Photo Credit:Kyar Si’s Facebook Acc
Photo Credit:Kyar Si’s Facebook Acc
Photo Credit:Kyar Si’s Facebook Acc
Photo Credit:Kyar Si’s Facebook Acc
Photo Credit:Kyar Si’s Facebook Acc

ကြာစိကတော့ နုနယ်ငယ်ရွယ်သေးတဲ့ချစ်သမီးလေးရဲ့အနာဂတ်လေးလှပဖို့အတွက် လက်ရှိအခြေအနေကို ရဲရင့်ပြတ်သားစွာရင်ဆိုင်နေတာဖြစ်ပါတယ်။အနုပညာလောကသားတွေကလည်း ပြည်သူတွေထဲက ပြည်သူဖြစ်တာကြောင့် ဖေဖော်ဝါရီလ(၁)ရက်နေ့ကနေ ယနေ့အချိန်ထိတိုင် ဘယ်သူမှသွေးမအေးကြသေးတာဖြစ်ပါတယ်နော်။အခုလိုအချိန်မျိုးမှာ အားနဲ့မာန်နဲ့ချီတက်နေကြဆဲဖြစ်တဲ့ ပြည်သူလူထုကတော့ အချင်းချင်းလည်း ကူညီကာကွယ်ပေးကြတာဖြစ်လို့ မြန်မာပြည်သူ၊ပြည်သားတွေရဲ့စိတ်ဓာတ်က လေးစားစရာကောင်းလှပါတယ်နော်။

Photo Credit:Kyar Si’s Facebook Acc
Photo Credit:Kyar Si’s Facebook Acc
Photo Credit:Kyar Si’s Facebook Acc
Photo Credit:Kyar Si’s Facebook Acc

ကြာစိကလည်း နေ့တိုင်းလမ်းပေါ်ထွက်ပြီး လူအုပ်ကြားထဲမှာ မမောမပန်းနိုင်ဘဲ ပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်။ဒါ့အပြင်လည်း ကြာစိက ပြည်သူလူထုကို ရှေ့တန်းကနေကာကွယ်ပေးနေကြတဲ့လူငယ်တွေ သက်လုံကောင်းဖို့အတွက်လည်း ဆေးစွမ်းကောင်းတွေလှူပေးဦးမှာဖြစ်ပါတယ်။ကြာစိကတော့”ရှေ့တန်းတိုက်စစ်မှူးများအပြေးအလွှားသက်လုံကောင်း ခွန်အားပြည့်ဖြိုးလန်းဆန်း တက်ကြွသန်မာစေရန်... အရမ်းကောင်းတဲ့ ဆေးတွေမနက်ဖြန်အခမဲ့ လိုက်ဝေပေးမယ်နော် ...အောင်ရမည်...”ဆိုပြီး ဒီနေ့မှာလိုက်ဝေပေးဖို့အတွက် သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အသိပေးရေးသားထားတာဖြစ်ပါတယ်နော်။

Photo Credit:Kyar Si’s Facebook Acc
Photo Credit:Kyar Si’s Facebook Acc
Photo Credit:Kyar Si’s Facebook Acc
Photo Credit:Kyar Si’s Facebook Acc
Photo Credit:Kyar Si’s Facebook Acc
Photo Credit:Kyar Si’s Facebook Acc

Source&Photo Credit:Kyar Si’s Facebook Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T