တော်လှန်ရေးတွင်မမျှော်လင့်ဘဲ ကြွေလွင့်သွားခဲ့ကြတဲ့ သူရဲကောင်းတွေရဲ့အကြောင်းတွေကိုဖတ်မိတိုင်းစိတ်ထိခိုက်ဝမ်းနည်းနေရတဲ့ ဥက္ကာမင်းမောင်

//s9.kh1.co/42/423124cfbf344e6d92663615f8a9577fe7914ec1.jpeg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသား  ဥက္ကာမင်းမောင်ကတော့  ပြည်ပနိုင်ငံတွင်နေထိုင်ကာ  အနုပညာလှုပ်ရှားမှုတွေလည်း  အားလပ်ချိန်တိုင်း  လုပ်ဆောင်နေသူတစ်ဦးလည်း  ဖြစ်ပါတယ်။   သူဟာ  ပြည်ပသို့ရောက်ရှိနေတာကြောင့်  လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း   မပါဝင်ရတာကိုလည်း  ဝမ်းနည်းနေတာလည်း  ဖြစ်ပါတယ်။  သို့ပေမယ့်လည်း  နယူးယောက်သို့ရောက်ရှိနေကြတဲ့  မြန်မာနိုင်ငံသားတွေနဲ့အတူ  ငြိမ်းချမ်းစွာနဲ့ သူတို့ရဲ့ရင်ထဲက  ဆန္ဒအမှန်တွေကို  ထုတ်ဖော်ပြသခဲ့ကြတာလည်း  ဖြစ်ပါတယ်။

Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 

ဒါ့အပြင်  သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာလည်း   မြေပြင်မှာဖြစ်ပေါ်နေတဲ့  သတင်းအချက်အလက်တွေကို  အချိန်နဲ့တစ်ပြေးညီ  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။  ကျဆုံးသွားတဲ့  ပြည်သူတွေအတွက်လည်း  စိတ်ထိခိုက်ဝမ်းနည်းနေတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင် နာရီပိုင်းလောက်ကလည်း  ဥက္ကာမင်းမောင်ရဲ့Facebook Page တွင် ပြည်သူတွေပို့သတဲ့မေတ္တာတွေကြောင့်အမေစုနဲ့သမ္မတကြီးအစစအရာရာဘေးကင်းပါစေလို့အဝေးကနေဆုတောင်းပေးနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 

သူကလည်း " အ​မေစု​ နဲ့ သမ္မတကြီး နေလို့မှ ​ကောင်းရဲ့လား.. ပြည်သူ​တွေ ရဲ့ ဆု​တောင်း​မေတ္တာပို့သခြင်း​တွေနဲ့အစစအရာရာ ​ဘေးကင်းပါ​စေ.. ဖမ်းဆီးခံရသူများအားလုံးလည်း အမြန်ဆုံး အ​ကောင်းပဂတိ ပြန်လွတ်လာပါ​စေ.. ဘယ်သူမှလည်း ထပ်ပြီး အသက်မဆုံးရှုံးပါ​စေနဲ့​တော့.. ​သေဆုံးသွားသူ​တွေရဲ့  story ​လေး​တွေဖတ်ရင်း ရင်ထဲ​တော်​တော် ​မ​ကောင်းလို့..စိတ်ထိခိုက်ပြီး ​နေလို့ ထိုင်လို့ ​တောင်မ​ကောင်းဘူး.. ကိုယ်​တောင် ဒီ​လောက်ဖြစ်​နေရင်မိသားစုဝင်တ​စ်ယောက် တကယ်ဆုံးရှုံးသွားရသူ​တွေရင်ထဲ ဘယ်​လောက်ထိယူကြုံးမရဖြစ်ပြီး ဝမ်းနည်းပူ​ဆွေးနေမလည်း ကိုယ်ချင်းစာမိပါတယ်.. တ​စ်နေ့တစ်​နေ့ ဘယ်​နေ့ဘယ်အခါ ဘယ်လိုပုံစံ နဲ့ ဒီမိုက​ရေစီပြန်ရမလဲ... ICJ ကလည်း ဘယ်တော့များတရားစွဲမလဲဆိုတဲ့ ​မျှော်လင့်ချက်စိတ်တစ်ခုနဲ့ အားတင်းထားရင်း ကျွန်​တော်တို့ အရှုံးမ​ပေးဘဲဆက်လက်ချီတက်ကြရမည်သာ... အားလုံးအားတင်းထားပါနော်.." ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Okkar Min Maung’s Facebook Page 

Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 
Photo Crd-Okkar Min Maung’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T