"မုန်းစွဲ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေကြားမှာ လူသိများအောင်မြင်လာခဲ့တဲ့ ဇွဲဝေယံထက်တို့ညီအစ်ကိုကတော့ အနုပညာလမ်းကြောင်းထက်မှာ လျှောက်လှမ်းနေပြီ ဖြစ်ပါတယ် ။ အရမ်းချစ်ဖို့ကောင်းပြီး လိမ္မာရေးခြားရှိတဲ့ ဇွဲဝေယံထက်တို့ညီအစ်ကိုက အခုလည်း သူရဲကောင်းလေးညီညီရဲ့နာရေးကို သွားရောက်ကူညီခဲ့တာ ဖြစ်ပါတယ် ။ သူတို့ညီအစ်ကိုက လှည်းတန်းမှာဆုံးပါးသွားတဲ့ သူရဲကောင်းလေးညီညီရဲ့မိခင်ဖြစ်သူနဲ့ တွေ့ဆုံခဲ့ရတာလည်း ဖြစ်ပါတယ် ။
ကိုကို၊ညီညီဆိုတဲ့ အမွှာလေးနှစ်ယောက်ထဲကနေ တစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့ ညီညီရဲ့မိခင်ကတော့ ဇွဲဝေယံထူးတို့ညီအစ်ကိုကိုမြင်တွေ့ပြီး ဝမ်းနည်းနေတာလည်း ဖြစ်ပါတယ် ။ ညီညီ့အမေက သူတို့ညီအစ်ကိုကိုမြင်တော့ အချင်းချင်းစောင့်ရှောက်ကြဖို့ တဖွဖွမှာရင်း ဖက်ပြီးငိုနေခဲ့တာလည်း ဖြစ်ပါတယ် ။ ဒီအကြောင်းကို ဇွဲဝေယံထူးတို့ညီအစ်ကိုက "သားတို့ ဒီနေ့မနက် ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူရဲကောင်း ကိုကြီးညီညီနာရေးကိုသွားပြီး ကိုကြီးညီညီရဲ့မေမေနဲ့ ကိုကြီး ကိုကိုတို့ကို အားပေးခဲ့ပါတယ်ခင်ဗျာ ကျဆုံးသွားတဲ့ ကိုကြီး ညီညီအတွက် အရမ်းဝမ်းနည်းရပါတယ် ? ကိုကြီးညီညီ ကောင်းမွန်ရာဘုံမှာ ငြိမ်းချမ်းပါစေခင်ဗျာ ? ဒါကတော့ မေမေ့ပိုစ့်မှာရေးထားတာ တင်ပေးထားတာပါခင်ဗျာ"
"ဒီနေ့ မနက်စောစောပဲ သွားလိုက်တယ် ညီညီ့အမေက ပြောပြီးငိုရှာတယ် အမွှာလေးရယ် ခုတော့ သားတို့ ကိုကိုတစ်ယောက် ဘက်ပဲ့သွားပြီတဲ့ ကိုကို့ကိုကြည့်ပြီးလည်းငိုမိတာ မျက်ရည်ကထိန်းမရ သူ့မှာကလေးနှစ်ယောက်ကိုကြည့်ပြီး မျက်ရည်တွေကျတာ ရှိုက်ရှိုက်ပြီး အံလေးကြိတ်ပြီးတော့ သနားစရာကောင်းလိုက်တာ ကလေးနှစ်ယောက်ကိုဖက်ပြီး မှာရှာတယ် အမွှာဆိုတာ မျက်စိအောက်က အပျောက်မခံရဘူးတဲ့ ကိုကိုရှေ့က ခဏလေး ပျောက်သွားတဲ့အချိန်မှာ ညီလေးက မရှိတော့ဘူးတဲ့ သားတို့ တစ်ယောက်နဲ့ တစ်ယောက် အပျောက် မခံနဲ့နော်တဲ့ ???သူ့ရင်ထဲမှာ ဘယ်လိုတွေတောင် နေရှာမလဲနော် သူရဲကောင်း ညီညီလေး ကောင်းရာမွန်ရာရောက်မှာပါ" ဆိုပြီး ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။ သူရဲကောင်းလေးညီညီရဲ့မိခင်ကို နှစ်သိမ့်အားပေးခဲ့တဲ့ ဇွဲဝေယံထက်နဲ့ ဇွဲဝေယံထူးတို့အမွှာညီအစ်ကိုရဲ့ပုံရိပ်လေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source & Photo Credit - Zwe Waiyan Htet,Zwe Waiyan Htoo's FB Page