လူထုလှုပ်ရှားမှုတွေမှာပါဝင်ရင်း ကြွေလွင့်ခဲ့ရတဲ့ အာဇာနည် သူရဲကောင်းတွေအတွက် အလှူငွေများ ကိုယ်တိုင်သွားရောက်ပြီး ကူညီထောက်ပံ့ပေးခဲ့တဲ့ နန်းဆုရတီစိုး

//s9.kh1.co/c1/c1580869f6e1de454a9f32bc06a57fe095e37a24.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ မင်းသမီးချောလေး နန်းဆုရတီစိုး ကတော့ မနေ့က မိတ်ဆွေ၊ သူငယ်ချင်းတွေအပြင် တခြားအလှူရှင်တွေနဲ့ စုပေါင်းပြီး ဖေဖော်ဝါရီလ (၂၈) ရက်နေ့ တစ်နေ့ထဲမှာပဲ လူထုလှုပ်ရှားမှုတွေမှာ ရဲရဲဝံ့ဝံ့ လှုပ်ရှားပါဝင်ရင်း အသက်ပေးလိုက်ရတဲ့ အာဇာနည် သူရဲကောင်းတွေဖြစ်တဲ့ လှော်ကားက မောင်ညီညီအောင်ထက်နိုင် ၊ တောင်ဒဂုံက မောင်ဟိန်းထွဋ်အောင် ၊ လှိုင်သာယာက ဆရာမကြီး ဒေါ်တင်နွဲ့ရီ အပြင် ကျိုက်ထိုမြို့က မောင်ဇင်လင်းထက်တို့ရဲ့ နောက်ဆုံးခရီးအတွက် အလှူငွေများကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး ကူညီလှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင် နန်းဆုရတီစိုး က သွားရောက်လှူဒါန်းပေးခဲ့တဲ့ မှတ်တမ်းတင်ပုံရိပ်လေးတွေကိုလည်း သူ့ရဲ့ လူမှုကွန်ယက်မှာ ပြန်လည်ဖော်ပြပေးထားပါတယ်။

Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page

ယခုလို အာဇာနည်သူရဲကောင်းတွေအတွက် ကူညီထောက်ပံ့တာနဲ့ ပတ်သက်ပြီး နန်းဆုရတီစိုး က ပြောပြထားရာမှာလည်း "နန်းဆုတို့သူငယ်ချင်းတွေ နဲ့ တခြားအလှူရှင်တွေစုလှူတဲ့ နာရေးအတွက်ကူငွေများကို ဒီနေ့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ကူငွေပေးအပ်ခဲ့ပါတယ်..... တစ်ရက်အတွင်းအလှူ အားလုံးပေါင်း စုစုပေါင်း (၁၀၅) သိန်း ရရှိပါတယ်.... နန်းဆုကတော့ တတ်အားသလောက်လေး (၁၀)သိန်းပါဝင်ပါတယ်ရှင်.....ဒီနေ့မှာ လှော်ကား က မောင်လေး ညီညီအောင်ထက်နိုင်ရဲ့ နာရေးအတွက် (၁၁) သိန်း, တောင်ဒဂုံက ကိုဟိန်းထွဋ်အောင်ရဲ့ နာရေးအတွက် (၁၂) သိန်း , လှိုင်သာယာက ဆရာမ ဒေါ်တင်နွဲ့ရီရဲ့ နာရေးအတွက် (၁၁) သိန်း ကို ကိုယ်တိုင်သွားရောက်ပေးအပ် အားပေးစကားပြောပြီး , ကျိုက်ထိုမြို့မှ မောင်လေး ဇင်လင်းထက်ရဲ့နာရေးအတွက် (၁၅) သိန်း ကိုတော့ငွေလွှဲမှ တစ်ဆင့်ကူညီပေးအပ်ခဲ့ပါတယ် .......

Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page

နောက်ရက်တွေမှာ တခြားသူများကို ဆက်သွယ်ကူညီပေးအပ်သွားပါ့မယ်ရှင့် ...ပါဝင်ကုသိုလ်ယူကြသော အလှူရှင်များနှင့် သူငယ်ချင်းများအားလုံးကို လေးစားဂုဏ်ယူကျေးဇူးတင်ပါတယ်..... အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းပြည်သူများအားလုံးကို လေးစားဂုဏ်ယူဦးညွှတ်ပါတယ်......ကျန်ရစ်သူမိသားစုများကို နန်းဆုတို့ တတ်နိုင်တဲ့ဖက်ကနေ ဆက်စောင့်ရှောက်ကူညီသွားပါ့မယ်ရှင့်" ဆိုပြီး ရေးသားပါတယ်။ ကဲ...ပရိသတ်ကြီးရေ ဂုဏ်ပြုထိုက်တဲ့ အာဇာနည် သူရဲကောင်းတွေအတွက် တက်နိုင်တဲ့ဘက်နေ အလှူလေးပြုလုပ်ခဲ့တဲ့ နန်းဆုရတီစိုး တို့ကို ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦး။

Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page
Photo Credit - Nansu Yati Soe fb page

သတင်း အရင်းအမြစ်Source - Nansu Yati Soe fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T