လက်ရှိဖြစ်ပေါ်နေတဲ့မငြိမ်သက်မှုတွေကြောင့် လူတိုင်းရဲ့စိတ်ထဲမှာခံစားနေရတဲ့အကြောင်းလေးတွေကို ဖွင့်ဟပြောပြလာခဲ့တဲ့ ပန်းရောင်ခြယ်

//s9.kh1.co/34/34156afdc9d972e82bd19f21ff4f23fc2400b432.jpeg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်မလေး  ပန်းရောင်ခြယ်ကတော့  ဖခင်ဖြစ်သူ  ဂရေဟမ်ရဲ့ ဂီတအမွေတွေကို  အပြည့်အဝဆက်ခံရရှိထားပြီး  သီချင်းလေးတွေကိုလည်း  ကိုယ်တိုင်ဖန်တီးရေးသားသီဆိုနေသူတစ်ယောက်လည်း  ဖြစ်ပါတယ်။   သူမဟာ  ဂီတလှုပ်ရှားမှုတွေသာမကဘဲ  ရုပ်သံဇာတ်လမ်းတွဲတွေလည်း  ပါဝင်ရိုက်ကူး  သရုပ်ဆောင်နေပြီပဲ  ဖြစ်ပါတယ်။  စိတ်ထားကောင်းသူတစ်ယောက်ဖြစ်ပြီး  အရေးကြုံတဲ့အခါတိုင်း  ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ပေးနေတဲ့  အဆိုတော်တစ်ဦးဖြစ်တာကြောင့်  အားလုံးကလည်း  ချစ်နေကြရတာပါ။

Photo Crd-Pan Yaung Chel’s Facebook Page 
Photo Crd-Pan Yaung Chel’s Facebook Page 
Photo Crd-Pan Yaung Chel’s Facebook Page 
Photo Crd-Pan Yaung Chel’s Facebook Page 

ပန်းရောင်ဟာ  လူထုလှုပ်ရှားမှုတွေမှာလည်း   လိုချင်တဲ့ပန်းတိုင်ရောက်အောင်  ပြည်သူတွေနဲ့အတူရဲရဲဝံ့ဝံ့  ပူးပေါင်းပါဝင်နေတာလည်း  ဖြစ်ပါတယ်။ မမျှော်လင့်ဘဲ  ကျဆုံးသွားတဲ့  သူရဲကောင်းတွေအတွက်လည်း  ဖြေမဆည်နိုင်အောင်  ဝမ်းနည်းနေပြီး သူတို့အတွက်လုပ်ပေးတဲ့ ဆုတောင်းပွဲတွေမှာလည်း  ကိုယ်တိုင်သွားရောက်ဦးညွတ်ခဲ့တာလည်း  ဖြစ်ပါတယ်။ တစ်လလုံးလုံး စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေရပြီး  လုံခြုံမှုမရှိတော့တဲ့  လက်ရှိအခြေအနေတွေကိုလည်း ပန်းရောင်ခြယ်ရဲ့  လူမှုကွန်ယက်စာမျက်နှာမှာ  အခုလိုပဲ ရေးသားထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Pan Yaung Chel’s Facebook Page 
Photo Crd-Pan Yaung Chel’s Facebook Page 
Photo Crd-Pan Yaung Chel’s Facebook Page 
Photo Crd-Pan Yaung Chel’s Facebook Page 

" မနက်ထလည်း ဒီစိတ် ညအိပ်လည်း ဒီစိတ် .. တစ်လရှိပြီ 

ပြည်သူ​တွေ စိတ်မ​အေးချမ်းရ စိတ်မလုံခြုံရ

တစ်ချက်​ဒေါသထွက်လိုက် တစ်ချက်ငိုရလိုက်

တစ်ချက်က​လေး အင်​အားတွေပြည့်သွားလိုက်

တစ်ချက်က​လေး စိုးရိမ်စိတ်​တွေကြီးသွားရလိုက်

တစ်ချက်တစ်ချက်လည်း အိမ်မက်ကြီးများလား​ပေါ့

ဒါ​ပေမယ့် it's too real .. အိမ်မက်ဆိုးမဟုတ်ဘူး

ဘဝ​တွေက ဒီ​နေ့ လူ​သေစာရင်း 0 ဆိုရင်ပဲ

ဒီညကျ သက်ပြင်း​လေးတစ်ချက်ချရင်း

မနက်ဖြန်အတွက် ရင်ပြန်ပူရ

ဒါဟာ ပုံမှန်ဖြစ်သွားလို့မဖြစ်ဘူး

ဖြစ်သွားစရာအ​ကြောင်းလည်း မရှိဘူး 

အားနာနာနဲ့ပဲ အားတင်းထားကြပါလို့ ပြောချင်ပါတယ်

အချင်းချင်း စည်းလုံးမှု​ ရိုင်းပင်းကူညီမှုက​တော့

တကယ်အံ့မခန်းပါ ဂုဏ်ယူရပါတယ်

အားလုံး​ဘေးကင်းကျန်းမာကြပါ​စေ" ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး ပရိသတ်တွေလည်း  သိရှိနိုင်အောင်  ဒီသတင်းလေးကို  တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။  

Source and Photo Crd-Pan Yaung Chel’s Facebook Page 

Photo Crd-Pan Yaung Chel’s Facebook Page 
Photo Crd-Pan Yaung Chel’s Facebook Page 
Photo Crd-Pan Yaung Chel’s Facebook Page 
Photo Crd-Pan Yaung Chel’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T