ချစ်ရတဲ့ ပရိသတ်ကြီးရေ အနုပညာလောကထဲမှာ မော်ဒယ်လ်တစ်ယောက်အနေနဲ့သာမကပဲ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ရပ်တည်လျှောက်လှမ်းနေသူလေးကတော့ နွယ်ဒါလီထွန်းပဲ ဖြစ်ပါတယ်။ ကိုရီးယားသူလေးတစ်ယောက်လို ဖွေးဥနေတဲ့ အသားအရည်နဲ့ ကျော့ရှင်းတဲ့အလှအပကြောင့် ပုရိသပရိသတ်တွေသာမကပဲ မိန်းကလေးအချင်းချင်းကပါ အားပေးအချစ်ပိုကြတာကို တွေ့ရပါတယ်။ အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေအတွက်လည်း နွယ်ဒါလီထွန်းက သူမရဲ့ လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက် စာမျက်နှာကတဆင့် ဝေမျှလေ့ရှိတာ ဖြစ်ပါတယ်။
နွယ်ဒါလီထွန်းက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်နားထားပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းရပ်တည်နေခဲ့ပါတယ်။ အခုလို ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေခဲ့တဲ့ နွယ်ဒါလီထွန်းက လမ်းပေါ်ထွက်ကာ အပင်ပန်းခံနေတဲ့ ပုံရိပ်လေးတွေကိုလည်း တင်ပေးလေ့ရှိတာဖြစ်ပါတယ်။ မကြာသေးတဲ့ အချိန်ကလည်း နွယ်ဒါလီထွန်းက ဒိုင်းကာတွေနဲ့ လိုအပ်တဲ့ ပစ္စည်းအစုံအလင်ကို ယူဆောင်ကာ နိုင်ငံအကျိုးအတွက် လုပ်ဆောင်နေတဲ့ ပုံလေးတွေကို တင်ပေးလာပြန်ပါတယ်။
ပုံလေးတွေအပြင် နွယ်ဒါလီထွန်းက " ကျွန်မတို့တွေ သွေးအေးသွားလို့ မဖြစ်ဘူးနော် ကိုယ်လိုချင်တာကို ကိုယ်တိုင်ရအောင်ယူမှရမှာ ၁၂/ ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ရသင့်တဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာ ဘယ်လိုနည်းနဲ့မှ လက်ခံစရာအကြောင်းမရှိဘူး ပြည်သူတစ်ယောက်အနေနဲ့ကိုယ်ရသင့်တဲ့ အခွင့်အရေးကို ပြန်မရမချင်း ပြည်သူလူထုက တရားဝင်မဲဆန္ဒပေးခဲ့တဲ့ခေါင်းဆောင်တွေကို ပြန်မလွှတ်မပေးချင်း နေ့တိုင်း လမ်းပေါ်ထွက် ပြန်တိုက်ယူနေအုံးမှာပဲ "ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ဖတ်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - Nwe Darli Tun's Facebook Account