ပဲခူးမှာကျည်ဆန်ထိမှန်ပြီး ကျဆုံးသွားတဲ့အာဇာနည်သူရဲကောင်းနှစ်ယောက်ရဲ့ နာရေးအခမ်းအနားကို ကိုယ်တိုင်သွားရောက်ဖေးမခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/fe/feea26954cc2e8987ca66af0ce798253e6edcec5.jpg
အနုပညာရှင်များ

 ၀၂-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ခိုင်နှင်းဝေလို့ ဆိုလိုက်တာနဲ့ လူမမယ်မိဘမဲ့ကလေးငယ်လေးတွေအတွက် ခိုကိုးရာအဖြစ် ပရိသတ်တွေလေးစားချစ်ခင်ကြရတဲ့ အနုပညာရှင်ပရဟိတမင်းသမီးချောတစ်ဦးကို အားလုံးပဲ မြင်ယောင်မိကြမှာပါနော်..။

ခိုင်နှင်းဝေဟာ အနုပညာအလုပ်တွေကို လုပ်ဆောင်နေတဲ့အပြင် ပရဟိတအလုပ်တွေမှာလည်း ခွန်အားအပြည့်နဲ့ ကြိုးစားလုပ်ဆောင်နေသဘို လက်ရှိအခြေအနေတွေမှာလည်း လိုအပ်တဲ့နေရာလေးတွေမှာ ပါဝင်အားဖြည့်နေသူလေးပါ..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

တော်လှန်ရေးတိုက်ပွဲမှာအသက်ပေးသွားကြတဲ့ ပြည်သူတွေအတွက် ဝမ်းနည်းစိတ်မကောင်းကြရသလို ပဲခူးမှာကျည်ဆတ်ထိမှန်ပြီး ကျဆုံးသွားတဲ့ လူငယ်လေးနှစ်ယောက်ရဲ့ ဈာပနအခမ်းအနားလေးကိုလည်း ကိုယ်တိုင်သွားရောက်ခဲ့ပြီး ဖေးမကူညီခဲ့ပါတယ်..။

ကွယ်လွန်သူ သူရဲကောင်းလေးနှစ်ယောက်ရဲ့ ကျန်ရစ်သူမိသားစုတွေကိုလည်း အကူငွေတွေ ပေးအပ်လှူဒါန်းပြီး အားပေးကူညီခဲ့သလို လူသားချင်းစာနာပြီး ပြည်သူတွေအန္တရာယ်ကင်းစေဖို့ကိုလည်း ခံပြင်းစိတ်တွေနဲ့အတူ ဆုတောင်းစကားလေးဆိုထားပါသေးတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

"ပဲခူးမှာ ကျည်ဆန်ထိမှန်ပြီး ကျဆုံးသွားတဲ့ အာဇာနည် မောင်လေး (၂)ဦးရဲ့ ဈာပနာ အခမ်းအနားကို လိုက်ပို့ပေးခဲ့ပါတယ်ရှင်...ကျန်ရစ်သူ မိသားစုများ နဲ့ ထပ်တူ ဝမ်းနည်းပူဆွေးရပါတယ်... ကျန်ရစ်သူ မိသားစု (၂)စု အတွက် တစ်ဦးကို (၁၀)သိန်း စီဖြင့် သိန်း(၂၀) တိတိ လှူဒါန်းပေးခဲ့ပါတယ်..

လူ အချင်းချင်းသတ်ဖြတ်ခြင်း ကင်းဝေးပြီး လူသားချင်း စာနာနိုင်ကြပါစေလို့ ခံပြင်းစိတ်နဲ့ ဆုတောင်းမိပါတယ်ရှင်.." ဆိုပြီး မျှဝေထားတာပါ..။

သူရဲကောင်းပြည်သူနှစ်ဦးရဲ့ နာရေးမြင်ကွင်းကိုလည်း ပရိသတ်တွေ စိတ်မကောင်းဖြစ်နေကြပြီး မိသားစုဝင်တွေနဲ့အတူ ထပ်တူခံစားနေကြရတဲ့အကြောင်းလေးတွေကိုလည်း Comment လေးတွေမှာ ရေးသားထားကြတာ တွေ့ရပါတယ်..။

Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc
Photo Credit - Khine Hnin Wai's Fb Acc

သတင်း အရင်းအမြစ်Khine Hnin Wai's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T