ဖေဖော်ဝါရီလအစထဲက ဖြစ်ပွားနေတာနဲ့ ပက်သက်ပြီး ပြည်သူလူထုဟာ အမှန်တရားဘက်ကနေ ရင်တွင်းဆန္ဒတွေကို ရဲရဲဝင့်ဝင့် ငြိမ်းချမ်းစွာ ဖော်ပြတောင်းဆိုမှုတွေကို ပြုလုပ်နေကြတာ ပဲဖြစ်ပါတယ်။ဒီလိုဖြစ်နေတဲ့ အခြေအနေမျိုးတွင် အနုပညာရှင်များကလည်း ပြည်သူတွေထဲက ပြည်သူပဲမို့ လမ်းမပေါ်ထွက်ကာ လူထုလှုပ် ရှားမှုတွင် ကိုယ်တိုင်ပါဝင် အားဖြည့်လုပ်ဆောင်နေကြကာ အလှူရှင်တွေကလည်း တတ်နိုင်သလောက် ကူညီဖေးမကြတာလည်း ဝမ်းသာစရာ ဖြစ်ပါတယ်နော်.....။
ဒီအနုပညာရှင်တွေထဲတွင် Miss Universe ကို 2015 ကရရှိပိုင်ဆိုင် ခဲ့တဲ့ Model နန်းရွှေအေးကလည်း ပြည်သူတွေနဲ့ တစ်စိတ်တည်းတစ်ဝမ်းတည်းရှိကာ လူထုလှုပ်ရှားမှုတွင် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားသလို အလှူအတန်းကိုလည်း နိုင်သလောက် လှူဒါန်းနေတာ ပဲဖြစ်ပါတယ်။တစ်ရက်နဲ့တစ်ရက် ပိုပြီး အားကောင်းလာသလို တစ်ဖက်တွင်လည်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေ အတွက် ပြည်သူတွေ ရင်ထဲတွင် များစွာ ဝမ်းနည်းပူဆွေးရတာကြောင့် နန်းရွှေအေးဟာ သူငယ်ချင်းမိတ်ဆွေတွေစုပြီး မောင်လေးညီညီရဲ့ နာရေးအကူငွေကို သွားရောက်လှူဒါန်းခဲ့တာ ပဲဖြစ်ပါတယ်။
သူမရဲ့ လူမူကွန်ယက်စာမျက်နှာထက်တွင် "၂၈.၂.၂၀၂၁ မှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ဆရာမ ဒေါ်တင်နွဲ့ရီ နှင့် မောင်လေး ညီညီ တို့ရဲ့ နောက်ဆုံးခရီးကို ဟန်လေး နဲ့ သူငယ်ချင်းတွေ စုပြီး နာရေးအကူငွေ (၁၀)သိန်း ကူခဲ့ပါတယ်။ ကိုယ့်ကို ပညာသင်ကြားပေးခဲ့တဲ့ ဆရာမတစ်ယောက်လို၊ မောင်အရင်းလဲရှိတော့ ကိုယ့်မောင်လေးတစ်ယောက် ဆုံးရှုံးလိုက်ရသလို ရင်ထဲမှာ မိသားစုနဲ့ ထပ်တူ ကြေကွဲ၀မ်းနည်းရပါတယ်။ သူတို့အတွက်လဲဟန်လေးတို့ တာဝန်ကျေကြမယ်နော်.. ပါ၀င်လှူဒါန်းပေးကြတဲ့ သူငယ်ချင်း မိတ်ဆွေများကိုလဲ အထူးကျေးဇူးတင်ပါတယ်ရှင်။ ❤"ဆိုပြီး ရေးသားဖော်ပြကာ ပုံရိပ်တွေနဲ့အတူ ဖော်ပြပေးလာတာ ဖြစ်တာကြောင့် ပရိသတ်တွေကို ပြန်လည် ဝေမျှပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Han Lay FB Page