ပရိသတ်ကြီးရေ.. ရွှေကစ်လို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောက်အကယ်ဒမီမင်းသမီးချောလေးဝတ်မှုံရွှေရည်ကတော့ သရုပ်ဆောင်ကောင်းကာ အနုပညာလောကမှာ ထိပ်တန်းကနေ ရပ်တည်နေသလို စိတ်ထားလေးလည်း ပြည့်ဝကောင်းမွန်သူလေးပါ..။
ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ မင်းသမီးချောအဖြစ် ရပ်တည်နေတဲသူမကတော့ လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ လှုပ်ထုလှုပ်ရှားမှုတွေမှာ ပါဝင်အားဖြည့်ကာ လှူဒါန်းမှုလေးတွေလည်း ပြုလုပ်နေသူလေးပဲ ဖြစ်ပါတယ်..။
နုနုရွရွမင်းသမီးချောလေးတစ်ယောက်ဖြစ်ပေမယ့်လည်း တော်လှန်ရေးကြီးမှာ လမ်းထွက်ကာတက်နိုင်သလောက် အင်တိုက်အားတိုက်ပါဝင်နေကာ ကြွေလွင့်သွားရှာတဲ့ မျိုးဆက်သစ်လူငယ်သူရဲကောင်းလေးတွေအတွက်လည်း စိတ်မကောင်းဖြစ်လို့နေပါတယ်နော်..။
အနာဂတ်နဲ့ယုံကြည်ချက်တွေအတွက် တော်လှန်ရေးတိုက်ပွဲကြီးမှာ အသက်ပေးကြွေလွင့်သွားကြတဲ့သူငယ်ပြည်သူတွေအတွက် ဝမ်းနည်းကြေကွဲရသလို သွေးမြေကျမှုတွေ အမြန်ဆုံးကင်းဝေးပြီး ပြည်သူတွေအန္တရာယ်ကင်းစေဖို့ ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ကာ ဆုတောင်းပေးထားလည်း တွေ့ရပါတယ်..။
"မြန်မာပြည်ကြီး သွေးမြေကျမှုတွေ အမြန်ဆုံး ကင်းဝေးပြီး ပြည်သူပြည်သားများ ဘေးကင်းကြပါစေ ??
ယနေ့ မြို့အသီးသီးမှ ကြွေလွင့်သွားတဲ့ ပြည်သူများလည်း ကောင်းရာ သုဂတိလားကြပါစေ..." ဆိုပြီး ဆုတောင်းစကားလေး ဆိုထားတာပဲ ဖြစ်ပါတယ်နော်..။
ရွှေကစ်လေးဟာ သူမတက်နိုင်သလောက်အလှူလေးတွေ ပြုလုပ်နေတဲ့အပြင် ဘာသာရေးနဲ့ပတ်သက်ပြီးတော့လည်း ဆုတောင်းပွဲလေးတွေပြုလုပ်ကာ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူလေးမို့ ပရိသတ်တွေကလည်း နှစ်သက်အားပေးနေကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Wutt Hmone Shwe Yi's Fb Acc