လူမင်းနဲ့ပတ်သက်ပြီးအရမ်းစိတ်ပူမိသလို မိသားစုဝင်တွေကိုလည်းကိုယ်ချင်းစာ စာနာမိကြောင်း ဝမ်းနည်းစာလေးရေးကာဖော်ပြလာတဲ့ ခင်လှိုင်

//s9.kh1.co/b0/b0f66fd1afed1e6b84f51bac3b0c76b015c0e361.jpeg
အနုပညာရှင်များ

 ၀၂-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

......

မြန်မာနိုင်ငံမှာခုဆိုရင် လှုပ်ရှားမှုတွေဟာအားကောင်းလာတာနဲ့အမျှ အတိုက်အခိုက်တွေကြားမှာ အသက်လုပြီး လှုပ်ရှားမှုတွေကို အားမလျာ့ဘဲ စွမ်းစွမ်းတမံလှုပ်ရှားနေကြတာလည်းဖြစ်ပါတယ်။ပြည်သူလူထုကလည်း အချင်းချင်းလူသားချင်းစာနာစွာ ရသလောက်တတ်နိုင်တဲ့ဘက်ကနေ ကူညီမှုတွေမျိုးစုံပေးနေတာလည်းဖြစ်ပါတယ်။

Photo Credit : Khin Hlaing Facebook Account
Photo Credit : Khin Hlaing Facebook Account
Photo Credit : Khin Hlaing Facebook Account
Photo Credit : Khin Hlaing Facebook Account

လှုပ်ရှားမှုပြုလုပ်ရင်း ကြွေလွင့်သွားရတဲ့ အာဇာနည်သူရဲကောင်းတွေဟာလည်း တစ်ဆတစ်ဆများပြားလာတာကိုလည်း ဝမ်နည်းကြေကွဲစွာတွေ့မြင်နေရပါတယ်။အနုပညာရှင်တွေကလည်း ရရာနေရာကနေ အားလုံးကိုကူညီစောင့်ရှောက်ရင်း ပြည်သူတွေနဲ့အတူရပ်တည်​ပေးနေကြတာပါ။အစွမ်းကုန်ရပ်တည်ပေးနေတဲ့ အနုပညာရှင်တွေထဲမှာမှ ကိုလူမင်းဟာဆိုရင်လည်း တိုင်းပြည်အတွက် ဘက်ပေါင်းစုံက နိုင်ငံဝန်ထမ်းများကို လူထုလှုပ်ရှားမှုမှာ ပါဝင်ရန် တိုက်တွန်းပေးခဲ့မှုကြောင့် မိသားစုနဲ့ ကွဲကွာပြီး ထိန်းသိမ်းခံထားရတာလည်း ဖြစ်ပါတယ်။

Photo Credit : Khin Hlaing Facebook Account
Photo Credit : Khin Hlaing Facebook Account
Photo Credit : Khin Hlaing Facebook Account
Photo Credit : Khin Hlaing Facebook Account

အန်ကယ်လေးနဲ့ပတ်သက်ပြီး အနုပညာရှင်အသိုင်းအဝိုင်းကော ပြည်သူတွေအားလုံးကပါမကျန် စိတ်ပူပန်နေကြရတာအမှန်ပါပဲနော်။ခုလည်း ခင်လှိုင်က အန်ကယ်လေးကို စိတ်ပူပန်နေမိကြောင်းကိုခုလိုလေး ရေးသားဖော်ပြလာတာဖြစ်ပါတယ်။" ကိုလူမင်း ကျွန်တော်တို့လောကသားချစ်စနိုးနှင့်ခင်မင်ရင်းနှီးစွာခေါ်ခဲ့ကြတာက...အန်ကယ်လေးရေ...အခုလိုအချိန်မှာ အန်ကယ်လေးမိသားစုတွေဘယ်လောက်တောင်မှစိတ်ပူပြီးသောကရောက်နေကြလဲဆိုတာတွေးကြည့်စရာမလိုအောင်အားလုံးကစာနာနားလည်နိုင်ကြပါတယ် ကျွန်တော်အပါအဝင် အန်ကယ်လေးကိုချစ်ခင်ကြတဲ့လောကသားအားလုံးအန်ကယ်လေးကိုချစ်ခင်အားပေးကြတဲ့ချစ်ပရိတ်သတ်အားလုံးကလည်းမိသားစုနှင့်ထပ်တူခံစားနေကြရပါတယ်ဗျာပရိတ်သတ်တွေအပေါ်မှာလေးစားချစ်ပြီးလောကသားတွေအပေါ်မှာလဲတတ်စွမ်းသမျှကူညီပေးတတ်ပြီးပျော်ပျော်ရွှင်ရွှင်ဖေါ်ဖေါ်ရွေရွေနေတတ်တဲ့အန်ကယ်လေး ကျန်းမာစွာဖြင့်ဘေးရန်ကင်းပြီးမိသားစုများရှိရာကိုအမြန်ပြန်လာနိုင်ပါစေခင်ဗျာ"ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးရင်း နိုင်ငံတော်ကြီး အမြန်အေးချမ်းပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Khin Hlaing Facebook Account
Photo Credit : Khin Hlaing Facebook Account
Photo Credit : Khin Hlaing Facebook Account
Photo Credit : Khin Hlaing Facebook Account

Source & Photo Credit : Khin Hlaing Facebook Account

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T