ပိုက်ဆံ၁၀သိန်းလှူဒါန်းရင်း ကြွေလွင့်ခဲ့ရတဲ့ သူရဲကောင်းကိုဟိန်းထွဋ်အောင်ရဲ့ မိခင်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေတဲ့ ချယ်ရီသင်းရဲ့ဗီဒီယို

//s9.kh1.co/d6/d6d4e1539df35b4fed526a06ccfcad15b831f473.jpg
အနုပညာရှင်များ

 ၀၂-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ပိုက်ဆံ၁၀သိန်းလှူဒါန်းရင်း ကြွေလွင့်ခဲ့ရတဲ့ သူရဲကောင်းကိုဟိန်းထွဋ်အောင်ရဲ့ မိခင်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေတဲ့ ချယ်ရီသင်းရဲ့ဗီဒီယို

ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ အဆိုတော်ချယ်ရီသင်းကတော့ ပြည်သူတွေနဲ့အတူ ရပ်တည်လျက်ရှိနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ မြန်မာပြည်သူတွေကတော့ လူထုလှုပ်ရှားမှုတွေမှာစိတ်ခွန်အားအပြည့်နဲ့ပါဝင်ကြရင်း ထိခိုက်ဒဏ်ရာရသူတွေလည်းများစွာရှိသလို အသက်ပေးခဲ့ရသူတွေလည်းရှိနေခဲ့ပါတယ်။ချယ်ရီသင်းကတော့ ပြည်တွင်းပြည်ပကအလှူရှင်တွေနဲ့စုပေါင်းပြီး လူထုလှုပ်ရှားမှုမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေရဲ့မိသားစုတွေထံ အလှူငွေတွေကိုယ်တိုင်လိုက်ပေးနေခဲ့ပါတယ်။

Photo Credit: Cherry Thin ' s Facebook Page
Photo Credit: Cherry Thin ' s Facebook Page
Photo Credit: Cherry Thin ' s Facebook Page
Photo Credit: Cherry Thin ' s Facebook Page

ချယ်ရီသင်းကတော့ ကူငွေအဖြစ်ပိုက်ဆံ၁၀သိန်းလှူဒါန်းရင်း ကြွေလွင့်ခဲ့ရတဲ့သူရဲကောင်းကိုဟိန်းထွဋ်အောင်ရဲ့ မိခင်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ ချယ်ရီသင်းကတော့ " အခုထပ်ပြီး ကိုဟိန်းထွဋ်အောင် မိသားစုအတွက် ပြည်တွင်းပြည်ပမှာရှိကြတဲ့သူတွေရဲ့စုပေါင်းအလှူငွေတွေထဲကနေ (၁၀) သိန်း ကျပ်ကိုအားလုံးကိုယ်စားကူညီခဲ့ပါတယ် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။

Photo Credit: Cherry Thin ' s Facebook Page
Photo Credit: Cherry Thin ' s Facebook Page
Photo Credit: Cherry Thin ' s Facebook Page
Photo Credit: Cherry Thin ' s Facebook Page
Photo Credit: Cherry Thin ' s Facebook Page
Photo Credit: Cherry Thin ' s Facebook Page

ချယ်ရီသင်းကတော့ " ကူညီချင်ရင်လိပ်စာ တောင်ဒဂုံ ၇၁ ကနောင်မင်းကြီး (၁)လမ်း အမှတ် ၂၄၈၆ (က) ဖုန်းနံပါတ် 09426119921 ကိုဆက်ပြီးလည်းတိုက်ရိုက်သွားကူညီလို့လည်းရပါတယ်အားလုံးရဲ့စုပေါင်းအားပါမောင်လေးရေကောင်းရာသုကတိလားပါစေကွယ် " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ သွားလှူခဲ့တဲ့ပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့ပါတယ်။မြန်မာနိုင်ငံတစ်ဝှမ်းရှိတဲ့ ပြည်သူတွေအပြင် လူထုလှုပ်ရှားမှုပြုလုပ်နေသူတွေပါ ဘေးရန်ကင်းရှင်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့ပေးလိုက်ပါတယ်။

Source : Cherry Thin ' s Facebook Page

Photo Credit: Cherry Thin ' s Facebook Page
Photo Credit: Cherry Thin ' s Facebook Page
Photo Credit: Cherry Thin ' s Facebook Page
Photo Credit: Cherry Thin ' s Facebook Page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T