ဘုရားရှိခိုးတိုင်း လူထုလှုပ်ရှားမှုအတွင်းမှာတိုက်ပွဲ၀င်နေကြတဲ့သူတွေအတွက် ဆုတောင်းမေတ္တာပို့ပေးနေတဲ့ အိမ့်ချစ်

//s9.kh1.co/d5/d5ece9c26bec3df95907c532c4448d5f706b9aa8.jpg
အနုပညာရှင်များ

 ၀၂-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

နိုင်ငံတကာရဲ့စိတ်၀င်စားမှုကိုလည်းခံနေရတဲ့မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုကြီးဟာဆိုရင် တစ်လကျော်ခန့်အချိန်ကြာမြင့်နေခဲ့ပြီပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁ရက်နေ့တည်းကစတင်ကာ မြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်လာတဲ့ မတည်ငြိမ်တဲ့အခြေအနေတွေကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေပါ၀င်နေကြသလို အနုပညာရှင်တွေကလည်း ပြည်သူတစ်‌ရပ်အနေနဲ့ ပါ၀င်အားဖြည့်နေကြတာကို တွေ့ရပါတယ်။

Photo credit-​ Eint Chit's Facebook acc
Photo credit-​ Eint Chit's Facebook acc
Photo credit-​ Eint Chit's Facebook acc
Photo credit-​ Eint Chit's Facebook acc

လူထုလှုပ်ရှားမှုတွေအရှိန်အဟုန်မြင့်လာတာနဲ့အမျှ အခက်အခဲအတားအဆီးတွေများစွာလည်းတွေ့ကြုံနေကြရတာဖြစ်ပြီး ဖြိုခွင်းမှုတွေကြောင့် အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေလည်းအများအပြားရှိလာနေတာဖြစ်ပါတယ်နော်။ အခုလိုအခက်အခဲတွေများစွာထဲကနေ တိုက်ပွဲ၀င်နေကြတဲ့သူတွေအတွက် အိမ့်ချစ်တစ်ယောက်လည်း တတ်နိုင်တဲ့ဘက်ကနေ ဘုရားရှိခိုးရင်းဆုတောင်းမေတ္တာပို့ပေးနေတာလည်းဖြစ်ပါတယ်....။

Photo credit-​ Eint Chit's Facebook acc
Photo credit-​ Eint Chit's Facebook acc
Photo credit-​ Eint Chit's Facebook acc
Photo credit-​ Eint Chit's Facebook acc

မကြာသေးမီက အိမ့်ချစ်ဟာသူမရဲ့ Facebookစာမျက်နှာမှာ "တစ်ခါမှသူတစ်ပါးအတွက် ဆုမတောင်းပေးဖူးဘူး ခုတော့ဘုရားရှိခိုးတိုင်း တိုက်ပွဲ၀င်နေကြတဲ့သူတွေအားလုံးအတွက်ဆုတောင်းမေတ္တာပို့နေမိပြီ မကောင်းတဲ့ကောင်တွေကိုလည်းဘုရားရယ်ရိုက်ပါတော့...." ဆိုပြီးရေးသားတင်ပေးထားခဲ့တာဖြစ်ပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ Eint Chit's Facebook acc
Photo credit-​ Eint Chit's Facebook acc
Photo credit-​ Eint Chit's Facebook acc
Photo credit-​ Eint Chit's Facebook acc

သတင်း အရင်းအမြစ်Eint Chit's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T