ပဲခူးမြို့မှာကျဆုံးသွားတဲ့ အသက်(၁၇)နှစ်အရွယ်သူရဲကောင်းလေးရဲ့စျာပနခရီးကို ပြည်သူတွေနဲ့အတူ ပို့ဆောင်ပေးနေတဲ့ ထွန်းကိုကိုရဲ့ဗီဒီယို

//s9.kh1.co/6b/6b96af5c9be008d150879ae85ec9c5ac7926ae66.jpg
အနုပညာရှင်များ

 ၀၂-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ပဲခူးမြို့မှာကျဆုံးသွားတဲ့ အသက်(၁၇)နှစ်အရွယ်သူရဲကောင်းလေးရဲ့စျာပနခရီးကို ပြည်သူတွေနဲ့အတူ ပို့ဆောင်ပေးနေတဲ့ ထွန်းကိုကိုရဲ့ဗီဒီယို

ထွန်းကိုကိုကတော့ ရုပ်ရှင်သရုပ်ဆောင် မင်းသားချောတစ်လက်ဖြစ်သလို ပရဟိတအလုပ်တွေကိုလည်း စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်နေသူတစ်ဦး ဖြစ်ပါတယ် ။ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ တာဝန်ထမ်းဆောင်နေတဲ့ ထွန်းကိုကိုက လက်ရှိမှာတော့ ပြည်သူတွေကို ကူညီပေးနေတာ ဖြစ်ပါတယ် ။ ထွန်းကိုကိုက အလုပ်တွေမအားလပ်တဲ့ကြားကနေ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုပြုလုပ်သလို စားစရာနဲ့အချိုရည်တွေကိုလည်း လှူဒါန်းနေတာ ဖြစ်ပါတယ် ။

Photo Credit -YanPaing TunKo's FB Acc
Photo Credit -YanPaing TunKo's FB Acc
Photo Credit -YanPaing TunKo's FB Acc
Photo Credit -YanPaing TunKo's FB Acc

လတ်တလောမှာတော့ ထွန်းကိုကိုက ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းလေးတွေရဲ့ နာရေးကိစ္စတွေကို စီစဥ်ဆောင်ရွက်ပေးနေရတာ ဖြစ်ပါတယ် ။ ဒီနေ့မှာလည်း ထွန်းကိုကိုက ပဲခူးမြို့မှာအသက်ပေးလိုက်ရတဲ့ အသက် (၁၇)နှစ်အရွယ်ညီလေး စည်သူစိုး (ခ) ကိုစိုးရဲ့နောက်ဆုံးခရီးကို ပို့ဆောင်ပေးခဲ့ရတာ ဖြစ်ပါတယ် ။ ပဲခူးသားစစ်စစ်တစ်ယောက်ဖြစ်တဲ့ ထွန်းကိုကိုက နိဗ္ဗာန်ယာဥ်ကားကို သူကိုယ်တိုင်မောင်းပြီး ပြည်သူလူထုနဲ့အတူ လိုက်ပါဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit -YanPaing TunKo's FB Acc
Photo Credit -YanPaing TunKo's FB Acc
Photo Credit -YanPaing TunKo's FB Acc
Photo Credit -YanPaing TunKo's FB Acc
Photo Credit -YanPaing TunKo's FB Acc
Photo Credit -YanPaing TunKo's FB Acc

ညီလေးစည်သူစိုး (ခ) ကိုစိုးအပြင် ကြည်လှိုင်မင်း(ခ)ခေါင်းကြီး အသက်(၁၈)နှစ်ကလည်း ဖေဖော်ဝါရီလ (၂၈)ရက်နေ့ လူထုလှုပ်ရှားမှုမှာ ကျဆုံးသွားတဲ့ လူငယ်လေးတစ်ဦးပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ဒီနေ့မှာ သူရဲကောင်း လူငယ်လေးနှစ်ဦးရဲ့စျာပနခရီးကို ပဲခူးမြို့နေ ပြည်သူလူထုက အတူတကွ လိုက်ပါပို့ဆောင်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ ကဲ ထွန်းကိုကိုကိုယ်တိုင် စီစဥ်ဆောင်ရွက်ပေးခဲ့တဲ့ ပဲခူးမြို့က သူရဲကောင်းလူငယ်လေးရဲ့စျာပနခရီးမြင်ကွင်းဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit -YanPaing TunKo's FB Acc

Photo Credit -YanPaing TunKo's FB Acc
Photo Credit -YanPaing TunKo's FB Acc
Photo Credit -YanPaing TunKo's FB Acc
Photo Credit -YanPaing TunKo's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T