ကိုယ့်နိုင်ငံကိုပြန်ကယ်တင်ဖို့အတွက်အမေမွေးလာတယ်လို့မှတ်ယူလိုက်ကြောင်းပြောပြလာတဲ့ ယွန်းဝတီလွင်မိုး

//s9.kh1.co/9b/9bc4dcbf4a1bdf6f0808ad88ea2da151c22c28c1.jpeg
အနုပညာရှင်များ

 ၀၂-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသမီးချောလေး  ယွန်းဝတီလွင်မိုးကတော့  ပြည်ပနိုင်ငံတွင်  ပညာသင်ကြားနေတာကြောင့်  မြန်မာနိုင်ငံတွင်  လက်ရှိဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ  ကိုယ်တိုင်မပါဝင် ရတဲ့အတွက်  စိတ်မကောင်းဖြစ်နေတာလည်း  ဖြစ်ပါတယ်။  ဒါပေမယ့်လည်း  ဩစတေးလျသို့ရောက်ရှိနေတဲ့  ပြည်သူများနဲ့  ကျရာအခန်းကဏ္ဍကနေ  တာဝန်ကျေပွန်စွာ လုပ်ဆောင်နေတာလည်း  ဖြစ်ပါတယ်။  တတ်နိုင်တဲ့ဘက်ကနေ  ကူညီပေးနေရုံတင်မကဘဲ  လူမှုကွန်ယက်များမှာလည်း  သတင်းအချက်အလက်တွေကို  အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Yun Waddy Lwin’s Facebook Page 
Photo Crd-Yun Waddy Lwin’s Facebook Page 
Photo Crd-Yun Waddy Lwin’s Facebook Page 
Photo Crd-Yun Waddy Lwin’s Facebook Page 

သူမရဲ့ Twitter အကောင့်ကနေ တစ်ဆင့်လည်း  မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို နိုင်ငံတကာမှသိရှိနိုင်အောင်  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။  အသက်ငယ်ပေမယ့်လည်း  နိုင်ငံ့အရေးအတွက်  တက်ကြွစွာပါဝင်ပေးနေတဲ့ ခေးလေးကို  ပရိသတ်တွေကလည်း  ချီးကျူးနေကြတာပါ။ မကြာသေးခင်  နာရီပိုင်းလောက်ကလည်း ခေးလေးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  ကိုယ့်နိုင်ငံကိုပြန်ကယ်တင်ဖို့အတွက်မိခင်ဖြစ်သူကမွေးထုတ်ပေးလိုက်တယ်လို့မှတ်ယူလိုက်ကြောင်းပြောပြလာတာပဲ  ဖြစ်ပါတယ်။ 

Photo Crd-Yun Waddy Lwin’s Facebook Page 
Photo Crd-Yun Waddy Lwin’s Facebook Page 
Photo Crd-Yun Waddy Lwin’s Facebook Page 
Photo Crd-Yun Waddy Lwin’s Facebook Page 

" ရင်နာတယ်။

စိတ်နာတယ်။ 

မျက်ရည်များစွာကျရတယ်။

ဒါပေမယ့်၊

အကြမ်းဖက်သမားတွေ မြန်မာပြည်ကြီးမှာရှိနေသ၍ လုံးဝ လုံးဝ အရှုံးမပေးဘူး။

ခွန်အားတွေလုံးဝ မလျော့သွားဘူး။

မြန်မာပြည်ကြီး Democracy ရပြီးတဲ့နောက်၊

တိုက်ပွဲကြီးနိုင်ပြီးရင်တောင် ဒီမှာတင်မရပ်ပါဘူး။

Social punishment ဆက်လုပ်မယ်။ 

ဒီတစ်သက်တော့ ကိုယ့်နိုင်ငံကိုပြန်ကယ်တင်ဖို့အမေမွေးလာတာလို့ပဲ မှတ်လိုက်ပါပြီ။ 

- YWLM." ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး ပရိသတ်တွေအတွက်  ဒီသတင်းလေးကို  တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd- Yun Waddy Lwin Moe’s Facebook Page 

Photo Crd-Yun Waddy Lwin’s Facebook Page 
Photo Crd-Yun Waddy Lwin’s Facebook Page 
Photo Crd-Yun Waddy Lwin’s Facebook Page 
Photo Crd-Yun Waddy Lwin’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T