လက်ရှိအခြေအနေတွေကြောင့် ဆွမ်းအခက်အခဲဖြစ်နေတဲ့ ဗဟန်းရေတာရှည်ကျောင်းအတွက် အော်ဂန်းနစ်စူပါဆန်အိတ်တွေ လှူဒါန်းခဲ့တဲ့ နေဒွေး

//s9.kh1.co/04/04d7b34c4dd7a6187b96d800347bedc5ab23aa4d.jpg
အနုပညာရှင်များ

 ၀၂-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ရတဲ့ ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော နေဒွေးကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ကာ ရပ်တည်နေရုံသာမကပဲ အလှူအတန်းတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်လျက်ရှိတဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူရဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာလည်း နေဒွေးက လှုပ်ရှားမှုလေးတွေကို ဝေမျှလေ့ရှိတာဖြစ်ပြီး မကြာသေးတဲ့ နာရီပိုင်းအချိန်လောက်ကလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ 

Photo credit - နေဒွေး's FB page
Photo credit - နေဒွေး's FB page

ဒါကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဆွမ်းခံမထွက်နိုင်လို့ ဆွမ်းအခက်အခဲဖြစ်နေတဲ့ ဘုန်းကြီးကျောင်းကို ဆန်အိတ်များစွာ လှူဒါန်းခဲ့တဲ့ ပုံရိပ်ပဲ ဖြစ်ပါတယ်။ ကားနောက်ခန်းအပြည့် ဆန်အိတ်တွေတင်ကာ သွားရောက်အလှူပြုဖို့အတွက် ပြင်ဆင်နေတဲ့ နေဒွေးက သူရဲ့ ဖေ့ဘွတ်အကောင့်မှာ " ဤနေ့အလှူ နိုင်ငံရေးအခြေအနေကြောင့် ဆွမ်းအခက်အခဲရှိနေကြသော ဗဟန်းရေတာရှည်ကျောင်းအတွက် JITTOO အော်ဂန်းနစ်စူပါဆန် လှူဒါန်း.....

Photo credit - နေဒွေး's FB page
Photo credit - နေဒွေး's FB page
Photo credit - နေဒွေး's FB page
Photo credit - နေဒွေး's FB page

ဤကုသိုလ်သည် JITTOO အော်ဂန်းနစ်စူပါဆန် နှင့် ရွှေဆန် အားပေးသောလူကြီးမင်းများအားလုံး၏စုပေါင်းကုသိုလ်အလှူဖြစ်ပါသည် " ဆိုတဲ့ စာသားလေးလည်း ရေးသားလာတာပဲ ဖြစ်ပါတယ်။ အခုလို အခြေအနေမျိုးမှာ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အလှူပြုကာ ကြိုးပမ်းနေတဲ့ နေဒွေးရဲ့ ပုံလေးတွေကို ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှု့စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါရနော်။ နေဒွေးအတွက်လည်း ကောမန့်မှာ ချစ်ပရိသတ်တွေက အားပေးစကားလေးတွေပြောပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော် ။ 

Photo credit - နေဒွေး's FB page
Photo credit - နေဒွေး's FB page
Photo credit - နေဒွေး's FB page
Photo credit - နေဒွေး's FB page

သတင်း အရင်းအမြစ်Source - နေဒွေး's FB page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T