ရှောင်တိမ်းနေရတဲ့အချိန်အဆက်အသွယ်ပြတ်သွားလို့ မိသားစုတွေအပြင် ပရိသတ်တွေပါ စိုးရိမ်ပူပန်နေကြရတဲ့ ပိုင်တံခွန်ရဲ့လက်ရှိအခြေအနေ

//s9.kh1.co/ef/ef7650dc6a7ee133d2421733dc7ef7d7e7fbdfa7.jpg
အနုပညာရှင်များ

 ၀၂-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ မိန်းကလေးပရိသတ်တွေရဲ့သည်းသည်းလှုပ်အချစ်တွေကို အခိုင်အမာရရှိထားပြီး ပြည်တွင်းပရိသတ်တွေအပြင် ပြည်ပနိုင်ငံတွေအထိ အောင်မြင်ကျော်ကြားတဲ့ မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန်ပဲ ဖြစ်ပါတယ်..။

ပိုင်တံခွန်ကတော့ လူထုလှုပ်ရှားမှုတွေနဲ့ အင်တိုက်အားတိုက်နဲ့

နေတိုင်းလိုလိုပါဝင်လှုပ်ရှားနေတာတွေကြောင့် တက်ကြွရဲရင့်တဲ့လူငယ်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ချီးကျူးအားပေးမှုတွေကို ရရှိနေသူလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc

သူ့ရဲ့ထင်ပေါ်မှုနဲ့ ကြိုးစားတော်လှန်နေမှုတွေကြောင့် တစ်ဖက်ကို မျက်စိကျစရာဖြစ်လာခဲ့ရပြီး လက်ရှိမှာတော့ ပိုင်တံခွန်ဟာ ရှောင်တိမ်းပုန်းခိုနေရကာ မိသားစုနဲ့အဆက်အသွယ်ပြတ်နေတယ်လို့ သိရပါတယ်နော်..။

အများပြည်သူတွေနဲ့အတူ ရှေ့ဆုံးကနေတက်တက်ကြွကြွပါဝင်လှုပ်ရှားမှုတွေ ပြုလုပ်နေသလို ရှောင်တိမ်းနေရတဲ့အချိန်မှာတော့ အဆက်အသွယ်ပြတ်သွားတာကြောင့် မိသားစုနဲ့ ပရိသတ်တွေအားလုံးကလည်း ပိုင်တံခွန်အတွက် စိုးရိမ်ပူပန်နေကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc
Photo Credit - Paing Takhon's Fb Acc

"ညီမ Paing Takhonရဲ့ အစ်မပါ

ပိုင်နဲ့ လွန်ခဲ့တဲ့ 1 နာရီက အဆက်သွယ်ရပါတယ်

အခုလုံးဝဆက်သွယ်မရလို့ ညီမတို့လည်း

စိတ်ပူနေပါတယ်

ဘာမှ မဖြစ်ရင်တော့ အကောင်းဆုံးပါ

ပိုင့်ပရိတ်သတ်တွေ အခြေနေ တခုခု သိရရင်လည်း

ညီမတို့ကို ပြန်ပြောပေးပါ.." ဆိုပြီး မေချစ်သွေးက ရေးသားပြောပြထားတာပါ..။

အဲ့ဒီ့ပို့စ်ရဲ့အောက်မှာတော့ အနုပညာရှင်မိတ်ဆွေသူငယ်ချင်းတွေအပြင် ပရိသတ်တွေကလည်း စိုးရိမ်တကြီးနဲ့ ဆုတောင်းစကားလေးတွေနဲ့အတူ အားပေးစကားလေးတွေလည်း ပြောထားကြတာ ဖြစ်ပါတယ်နော်..။

Photo Credit - May Chit Thway's Fb Acc
Photo Credit - May Chit Thway's Fb Acc
Photo Credit - May Chit Thway's Fb Acc
Photo Credit - May Chit Thway's Fb Acc

သတင်း အရင်းအမြစ်May Chit Thway's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T