လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း အသက်ပေးလိုက်ရတဲ့ မောင်လေးဟိန်းထွဋ်အောင်ရဲ့နာရေးကို လိုက်ပါပို့ဆောင်ပေးပြီး သင်္ကန်းနဲ့ကူငွေလေးသွားပေးခဲ့တဲ့ ပိုပို

//s9.kh1.co/d7/d7c66b1714eb34e8ae16b398df2607d7edc673aa.jpg
အနုပညာရှင်များ

 ၀၂-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း အသက်ပေးလိုက်ရတဲ့ မောင်လေးဟိန်းထွဋ်အောင်ရဲ့နာရေးကို လိုက်ပါပို့ဆောင်ပေးပြီး သင်္ကန်းနဲ့ကူငွေလေးသွားပေးခဲ့တဲ့ ပိုပို

အဆိုတော်ပိုပိုကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ကာ အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်နေပါတယ်။ အမှန်တရားဘက်ကနေ ရပ်တည်လျက်ရှိနေတဲ့ ပိုပိုကတော့ ပြည်သူတွေရဲ့ဆန္ဒနဲ့ ထပ်တူကျသူတစ်ယောက်ပဲဖြစ်ပါတယ်။ ပြည်သူတွေကတော့ လူထုလှုပ်ရှားမှုတွေမှာ စိတ်အားထက်သန်မှုအပြည့်နဲ့ တက်တက်ကြွကြွပါဝင်ရင်း အသက်ပေးခဲ့ရသူတွေအတွက် စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းနေကြပါတယ်။

Photo Credit: ဝတ်ရည်မိုး' s Facebook Acc
Photo Credit: ဝတ်ရည်မိုး' s Facebook Acc
Photo Credit: ဝတ်ရည်မိုး' s Facebook Acc
Photo Credit: ဝတ်ရည်မိုး' s Facebook Acc

ပိုပိုကတော့ လူထုလှုပ်ရှားမှုမှာပါဝင်ရင်း အသက်ပေးလိုက်ရတဲ့ မောင်လေးဟိန်းထွဋ်အောင်ရဲ့နာရေးကို လိုက်ပါပို့ဆောင်ပေးရင်း စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ ပိုပိုကတော့ " မောင်လေး ဟိန်းထွဋ်အောင် စျာပန ကောင်းရာသုဂတိလားပါစေ မောင်လေးရေ ဂုဏ်ယူလျက်ပါ စစ်အာဏာရှင် ကျဆုံး ပါစေ ပိုပိုကသင်္ကန်း တစ်စုံနဲ့ စန္ဒီမြင့်လွင် ၊မိစန္ဒီ ၊ကိုဟိဏ်းသစ် ၊ကိုရဲ ၊ကိုဟိဏ်းသစ် သူငယ်ချင်းများ ၊မမိုးငယ်သူငယ်ချင်းများ ကူငွေ ၃ သိန်း၅ထောင်သွားကူညီခဲ့ပါတယ် " ဆိုပြီး လူရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: ဝတ်ရည်မိုး' s Facebook Acc
Photo Credit: ဝတ်ရည်မိုး' s Facebook Acc
Photo Credit: ဝတ်ရည်မိုး' s Facebook Acc
Photo Credit: ဝတ်ရည်မိုး' s Facebook Acc
Photo Credit: ဝတ်ရည်မိုး' s Facebook Acc
Photo Credit: ဝတ်ရည်မိုး' s Facebook Acc

လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း အသက်ပေးလိုက်ရတဲ့ မောင်လေးဟိန်းထွဋ်အောင်ဟာ ဖေဖော်ဝါရီ၂၈ရက်နေ့သင်္ကန်းကျွန်းမှာ ဆုံးပါးသွားခဲ့တာပဲဖြစ်ပါတယ်။ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ မောင်လေးဟိန်းထွဋ်အောင်ရဲ့ နာရေးကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ ပိုပိုရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိကြတဲ့ ပြည်သူပြည်သူတွေအားလုံး ဘေးရန်ကင်းရှင်းပြီး စိတ်ချမ်းသာရတဲ့နေ့ရက်တွေကို ပိုင်ဆိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

Source :ဝတ်ရည်မိုး' s Facebook Acc

Photo Credit: ဝတ်ရည်မိုး' s Facebook Acc
Photo Credit: ဝတ်ရည်မိုး' s Facebook Acc
Photo Credit: ဝတ်ရည်မိုး' s Facebook Acc
Photo Credit: ဝတ်ရည်မိုး' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T