မောင်လေးညီညီရဲ့နာရေးကိုသွားရောက်ပြီး အကူငွေ(၅)သိန်းကို ပြည်တွင်း၊ပြည်ပကမောင်နှမတွေအားလုံးရဲ့ကိုယ်စားပေးအပ်ခဲ့တဲ့ ချယ်ရီသင်း

//s9.kh1.co/d4/d46f56876f98f045d39c4a045391d6bb0387c646.jpeg
အနုပညာရှင်များ

 ၀၂-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

မောင်လေးညီညီရဲ့နာရေးကိုသွားရောက်ပြီး အကူငွေ(၅)သိန်းကို ပြည်တွင်း၊ပြည်ပကမောင်နှမတွေအားလုံးရဲ့ကိုယ်စားပေးအပ်ခဲ့တဲ့ ချယ်ရီသင်း

အဆိုတော်ချယ်ရီသင်းကတော့ (၂၀၂၀)နှစ်အတွင်းမှာ “ခွင့်လွှတ်ပေးဖို့တောင်းပန်ချင်”သီချင်းလေးနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားလာတာဖြစ်ပါတယ်။ချယ်ရီသင်းက ရိုးသားကြိုးစားပြီး အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ကာ စိတ်သဘောထားပြည့်ဝလို့လည်း လူချစ်လူခင်ပေါများနေတာဖြစ်ပါတယ်။ချယ်ရီသင်းဟာဆိုရင်အလှူအတန်း၊အပေးအကမ်းလည်းရက်ရောတာကြောင့် သူမတတ်နိုင်သလောက်ကို အကူအညီလိုအပ်နေသူတွေအတွက် အမြဲကူညီဖေးမပေးတာဖြစ်ပါတယ်နော်။

Photo Credit:Cherry Thin’s Facebook page 
Photo Credit:Cherry Thin’s Facebook page 
Photo Credit:Cherry Thin’s Facebook page 
Photo Credit:Cherry Thin’s Facebook page 

ချယ်ရီသင်းကတော့ လက်ရှိအခြေအနေတွေမှာဆိုရင်လည်း ပရိသတ်တွေအားပေးရကျိုးနပ်လောက်အောင် ပြည်သူတွေနဲ့ တစ်စိတ်၊တစ်ဝမ်းတည်းရှိနေတာဖြစ်ပါတယ်နော်။ဖေဖော်ဝါရီလ (၂၈)ရက်နေ့က လူထုလှုပ်ရှားမှုမှာ ကျဆုံးသွားတဲ့ သူရဲကောင်းလေး ညီညီအောက်ထက်နိုင်အတွက်လည်း ချယ်ရီသင်းက မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။ဒါ့ကြောင့် ချယ်ရီသင်းက ပြည်တွင်း၊ပြည်ပကပရိသတ်တွေနဲ့အတူ အကူငွေထည့်ပြီး သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Cherry Thin’s Facebook page 
Photo Credit:Cherry Thin’s Facebook page 
Photo Credit:Cherry Thin’s Facebook page 
Photo Credit:Cherry Thin’s Facebook page 

ချယ်ရီသင်းကတော့“ဒီနေ့ မောင်လေးညီညီရဲ့နာရေးကိုသွားရောက်ပြီး ပြည်တွင်းပြည်ပမှာရှိတဲ့ညီအစ်ကိုမောင်နှမတွေပေးတဲ့နာရေးအကူငွေတွေ ထဲက ၅သိန်းကို အားလုံးရဲ့ကိုယ်စားပေးအပ်ခဲ့ပါတယ် ကိုကိုကပြောသေးတယ်မချယ်ရီနဲ့ပက်သက်ပြီးအမှတ်တရတစ်ခုရှိတယ်တဲ့ မချယ်ရီ live လွှင့်ဂီတာတီးတာကိုကျွန်တော်တို့နှစ်ယောက်အတူတူကြည့်ဖူးတယ်တဲ့ ပြောပြီးငိုတယ် မောင်လေးရေကောင်းရာသုဂတိလားပါစေကွယ် ”ဆိုပြီးဝမ်းနည်းကြေကွဲစွာနဲ့ ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Cherry Thin’s Facebook page 
Photo Credit:Cherry Thin’s Facebook page 
Photo Credit:Cherry Thin’s Facebook page 
Photo Credit:Cherry Thin’s Facebook page 

Source&Photo Credit:Cherry Thin’s Facebook page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T