အကုန်လုံးထပြေးရာကနေ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးကို အားလုံးသင်ခန်းစာယူနိုင်စေဖို့အတွက် ပြောပြလာတဲ့ ချမ်းမြေ့မောင်ချို

//s9.kh1.co/8f/8f5929d141f816e94a6302850445f9e03783e1f1.jpg
အနုပညာရှင်များ

 ၀၂-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အကုန်လုံးထပြေးရာကနေ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးကို အားလုံးသင်ခန်းစာယူနိုင်စေဖို့အတွက် ပြောပြလာတဲ့ ချမ်းမြေ့မောင်ချို

အဆိုတော် ချမ်းမြေ့မောင်ချိုကတော့ ငယ်ရွယ်ဖျတ်လတ်ပြီး ရဲရင့်တဲ့စိတ်ဓာတ်ရှိသူလေးဖြစ်တာကြောင့် လူထုလှုပ်ရှားမှုတွေမှာဆိုရင် ရှေ့ဆုံးကနေ ဦးဆောင်ပါဝင်လေ့ရှိတာ ဖြစ်ပါတယ် ။ ဖေဖော်ဝါရီလကတည်းက ပြည်သူတွေနဲ့အတူ လမ်းပေါ်မှာ တက်တက်ကြွကြွ လှုပ်ရှားခဲ့တဲ့ ချမ်းမြေ့မောင်ချိုက အခုအချိန်အထိ ကြိုးစားပေးနေဆဲ ဖြစ်ပါတယ် ။ အားလုံးလိုချင်တဲ့ပန်းတိုင်ကို မရောက်မချင်း ဇွဲမလျှော့ဘဲအားစိုက်နေတဲ့ ပြည်သူတွေထဲမှာ ချမ်းမြေ့မောင်ချိုကလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်နော်။

Photo Credit -ChanMyae MgCho's FB Page
Photo Credit -ChanMyae MgCho's FB Page
Photo Credit -ChanMyae MgCho's FB Page
Photo Credit -ChanMyae MgCho's FB Page

ဒီရက်ပိုင်းမှာလည်း မောင်ချိုက နေရာအနှံ့ကိုသွားရောက်ပြီး ပြည်သူတွေနဲ့အတူကြွေးကြော်ရင်း ငြိမ်းချမ်းစွာ လူထုလှုပ်ရှားမှု ပြုလုပ်နေတာ ဖြစ်ပါတယ် ။ မောင်ချိုက မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့်လည်း အားလုံးနဲ့အတူတူ ရှေ့ဆုံးကနေ ရဲဝင့်စွာ ရပ်တည်နေတာပဲ ဖြစ်ပါတယ် ။ အခုလည်း မောင်ချိုက သူမကိုယ်တိုင်ကြုံတွေ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုကနေ အားလုံးသင်ခန်းစာယူနိုင်စေဖို့အတွက် သေသေချာချာလေး ပြောပြပြီး မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ် ။

Photo Credit -ChanMyae MgCho's FB Page
Photo Credit -ChanMyae MgCho's FB Page
Photo Credit -ChanMyae MgCho's FB Page
Photo Credit -ChanMyae MgCho's FB Page

မောင်ချိုကတော့ တစ်ခုခုဆိုရင် အခြေအနေကို အတိအကျမသိရသေးဘဲ ထပြေးကြတဲ့အခါမှာ ပြည်သူတွေထိခိုက်သွားနိုင်တာကြောင့် လုပ်သင့်လုပ်ထိုက်တာတွေကို ရှင်းလင်းပြောပြထားတာ ဖြစ်ပါတယ် ။ မောင်ချိုက "ဒီနေ့ အတွေ့အကြုံအရပြောရမယ်ဆိုရင် Myanmar plaza မှာ အကုန်လုံး ဆန္ဒထုတ်ဖော်နေတဲ့အချိန် ဟိုဘက် ကားလမ်းကပြေးလာပြီးတော့ လက်တွေခါပြ လက်ခုပ်တီးလိုက်တဲ့အချိန် အကုန်လုံးက ဘာမှမကြည့်တော့ဘဲ ထပြီးပြေးကြတော့တာပါပဲ..ဘာအသံမှလည်းကြားလိုက်ရတာမဟုတ်ပါဘူး..အဲ့တော့ အဲ့လိုပြေးတဲ့အချိန် ကာပေးတဲ့သူတွေက ပြေးကြည့်ပါတယ် မောင်ချိုအပါအဝင် သွားပြေးကြည့်တော့ ဘာမှမရှိပါဘူး ..အဲ့တော့တစ်ခုခုဆို ဒုန်းစိုင်းကြီး မပြေးပါနဲ့ဗျာ (အဲ့တုန်းကဆို မပြေးကြပါနဲ့ဦးလို့အော်ပြီး hand cross ??‍♀️ ပြလိုက်တော့မှ ပြန်ငြိမ်သွားကြတာပါ ) တစ်ခုခုဆို ဘာမှမသေချာဘဲနဲ့ ထပြီးမပြေးကြပါနဲ့ တစ်ချို့ဆို စျေးလာဝယ်ရင်းနဲ့လာကြည့်ကြတော့ ကလေးတွေလည်းပါပါတယ် အခက်မသင့်ရင် လူပိတာတွေ ဖြစ်တတ်ပါတယ် အရှေ့က ကာပေးမယ့်သူလည်းရှိတာဖြစ်တာကြောင့် တစ်ခုခုဆို သူတို့ကိုကြည့်ပါ သူတို့ ပြေးဆိုပြေးကြပါ နောက်ဆုတ်ဆို ဆုတ်ကြပါ..အသိနဲ့သတိနဲ့ကပ်ပြီးတော့ သွားတာလာတာ ဂရုစိုက်ကြပါလို့မေတ္တာရပ်ခံပါတယ်ဗျာ ...ညီစေနော် Ps : ညီတာတော့ ညီချက်ပဲ ထပြေးတဲ့အချိန် မပြေးကြပါနဲ့ဦးလို့ ချက်ချင်းအော်တော့ ချက်ချင်းရပ်တာနော် ချစ်ဖို့ကောင်းချက် အရေးတော်ပုံအောင်ရမည်" ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ် ။ကဲ ပရိသတ်တွေလည်း သင်ခန်းစာယူနိုင်စေဖို့ မောင်ချိုပြောထားတာလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit -ChanMyae MgCho's FB Page

Photo Credit -ChanMyae MgCho's FB Page
Photo Credit -ChanMyae MgCho's FB Page
Photo Credit -ChanMyae MgCho's FB Page
Photo Credit -ChanMyae MgCho's FB Page
Photo Credit -ChanMyae MgCho's FB Page
Photo Credit -ChanMyae MgCho's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T