လူငယ်တွေနဲ့အတူ လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်အားဖြည့်နေခဲ့တဲ့ မင်းသားကြီး ဦးဇင်ဝိုင်း

//s9.kh1.co/4f/4f7eba551929bc0a1fb12d71dff43037f4cfa999.jpg
အနုပညာရှင်များ

 ၀၂-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အနုပညာလမ်းကြောင်းထက်မှာ ပရိသတ်အားပေးမှု့အခိုင်အမာနဲ့ ရပ်တည်အောင်မြင်နေတဲ့ မင်းသားကြီးကတော့ ဦးဇင်ဝိုင်းပဲ ဖြစ်ပါတယ်။ ဦးဇင်ဝိုင်းက အနု၊ အကြမ်း ၊ အလွမ်း ၊ အဆွေး ကာရိုက်တာ ပေါင်းစုံကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့သူဖြစ်လို့ အကယ်ဒမီဆုတွေကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတာဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း သူပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေဆဲပါ။ 

Photo credit - Htay Lwin's Fb Account
Photo credit - Htay Lwin's Fb Account
Photo credit - Htay Lwin's Fb Account
Photo credit - Htay Lwin's Fb Account

ဒါ့အပြင် သူရဲ့ အနုပညာမျိုးဆက်ဖြစ်တဲ့ သားဖြစ်သူ မင်းမော်ကွန်းကလည်း မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ မင်းသားတစ်​ယောက်ဖြစ်လို့နေပါတယ်။ ဦးဇင်ဝိုင်းက အသက်အရွယ်တစ်ခုကို ရောက်ရှိနေပေမယ့်လည်း လူငယ်တွေနဲ့အပြိုင် စိတ်အားထက်သန်သူဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်လှုပ်ရှားနေတာကို တွေ့ရပါတယ်။ လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ ဝေမျှလေ့ရှိတာလည်း ဖြစ်ပါတယ်။

Photo credit - Htay Lwin's Fb Account
Photo credit - Htay Lwin's Fb Account

ဒီကနေ့ နံနက်အစောပိုင်းမှာလည်း ဦးဇင်ဝိုင်းက လူငယ်တွေနဲ့အတူ လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့ ပုံလေးတွေကို တင်ပေးလာခဲ့တာပါ။ ရန်ကုန်မြို့ရဲ့ စုရပ်နေရာတွေမှာ ပါဝင်အားဖြည့်ရင်း လှုပ်ရှားမှု ပြုလုပ်နေတဲ့ ဦးဇင်ဝိုင်းရဲ့ ပုံလေးတွေကို ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှု့စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ အဆိုပါ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေကလည်း ဦးဇင်ဝိုင်းအတွက် ကောမန့်မှာ အားပေးစကားလေးတွေပြောပေးခဲ့ကြပါအုန်းနော်။ 

Photo credit - Htay Lwin's Fb Account
Photo credit - Htay Lwin's Fb Account
Photo credit - Htay Lwin's Fb Account
Photo credit - Htay Lwin's Fb Account

သတင်း အရင်းအမြစ် Source - Htay Lwin's Fb Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T