ကြွေလွင့်သွားတဲ့ အာဇာနည်သူရဲကောင်း ညီညီရဲ့မိသားစုဆီကိုကိုယ်တိုင်သွားရောက်ကာ အားပေးနှစ်သိမ့်ရင်း ကူငွေများလှူဒါန်းခဲ့တဲ့ ခရစ္စတီးနား

//s9.kh1.co/8b/8b20eb8e15574f13271a62065e6a82c8d79200fc.jpeg
အနုပညာရှင်များ

 ၀၂-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.......

တစ်ချိန်ကဗီဒီယိုဇာတ်ကားတွေခေတ်ထဲကပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုအပြည့်ရထားတာကတော့မော်ဒယ်သရုပ်ဆောင်ခရစ္စတီးနားဖြစ်ပါတယ်။အချိန်တော်တော်ကြာအောင် အနုပညာလောကကနေပျောက်သွားခဲ့ပေမယ့်လည်း အခုမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုနဲ့အတူ ရပ်တည်ကာ လမ်းမပေါ်ထွက်ပြီး လှုပ်ရှားမှုတွေကို တက်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်နေတာကိုလေးစားစွာတွေ့မြင်ရပါတယ်။

Photo Credit : Crist Ayemyat Facebook Account
Photo Credit : Crist Ayemyat Facebook Account
Photo Credit : Crist Ayemyat Facebook Account
Photo Credit : Crist Ayemyat Facebook Account

တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားခြင်းကိုခံနေရတဲ့ ဒီလူထုလှုပ်ရှားမှုကြီးဟာ ဖေဖော်ဝါရီလထဲကစတင်ခဲ့တာ ဒီနေ့ဒီချိန်ထိပါပဲနော်။အလွှာအသီးသီးက လူတန်းစားမျိုးစုံဟာ မိမိတို့ရဲ့ အနာဂါတ်လှပကောင်းမွန်စေဖို့အတွက် အခက်အခဲတွေကြားကနေ ရသလောက်ပါဝင်အားဖြည့်ခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုအခက်အခဲတွေကြားကနေ လှုပ်ရှားမှုတွေပြုလုပ်ရင် ကြွေလွင့်သွားရတဲ့ သူရဲကောင်း အာဇာနည်တွေကိုလည်း ပြည်သူအားလုံးက လေးစားဂုဏ်ပြုနေကြတာပါ။

Photo Credit : Crist Ayemyat Facebook Account
Photo Credit : Crist Ayemyat Facebook Account
Photo Credit : Crist Ayemyat Facebook Account
Photo Credit : Crist Ayemyat Facebook Account

အခုလည်း ခရစ္စတီးနားဟာ ကြွေလွင့်သွားရတဲ့ အာဇာနည်သူရဲကောင်း ညီညီရဲ့နောက်ဆုံးခရီးလေးကို ကိုယ်တိုင်သွားရောက်ကာ ကူငွေတွေလှူဒါန်းခဲ့တဲ့အပြင် ကျန်ရစ်သူမိသားစုတွေကိုလည်း အားပေးနှစ်သိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ပုံလေးတွေကြည့်ပြီး စိတ်မကောင်းဖြစ်မိသလိုလေးစားဂုဏ်ယူမိတာအမှန်ပါပဲ။ဆုံးပါးသွားတဲ့ သူရဲကောင်းညီညီလည်း ကောင်းရာသုဂတိလားပါစေ ဆုတောင်းပေးလိုက်ပါရစေ။

Photo Credit : Crist Ayemyat Facebook Account
Photo Credit : Crist Ayemyat Facebook Account
Photo Credit : Crist Ayemyat Facebook Account
Photo Credit : Crist Ayemyat Facebook Account

Source & Photo Credit : Crist Ayemyat Facebook Account

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T