အိမ်ထောင်ဦးစီးကအသက်ပေးသွားရလို့ ကျန်ရစ်သူမိသားစုလေးအတွက် တတ်နိုင်သလောက်ကူညီဖေးမပေးခဲ့တဲ့ ငွေဇင်လှိုင်း

//s9.kh1.co/97/97c7a0ad8d4812e567244937a6965022aa3efe9f.jpeg
အနုပညာရှင်များ

 ၀၂-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အိမ်ထောင်ဦးစီးကအသက်ပေးသွားရလို့ ကျန်ရစ်သူမိသားစုလေးအတွက် တတ်နိုင်သလောက်ကူညီဖေးမပေးခဲ့တဲ့ ငွေဇင်လှိုင်း

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ငွေဇင်လှိုင်းကတော့ အနုပညာလောကထဲကိုအနုပညာအရည်အသွေးအပြည့်နဲ့ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကလည်း ငွေဇင်လှိုင်းကို ပြိုင်ပွဲတွေမှာကတည်းက တစိုက်မက်မက်အားပေးလာကြပြီး သူမရဲ့သီချင်းတိုင်းကိုလည်းနားထောင်ကြပါတယ်နော်။ငွေဇင်လှိုင်းကတော့စိတ်သဘောထားပြည့်ဝပြီး လူသားချင်းစာနာထောက်ထားတတ်တဲ့စိတ်အပြည့်ရှိလို့ သူမကူညီနိုင်သလောက်ကိုအမြဲကူညီပေးနေတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လည်း ငွေဇင်လှိုင်းက ရဲရင့်ပြတ်သားတဲ့စိတ်ဓာတ်နဲ့ ပြည်သူတွေနဲ့အတူ အားကြိုးမာန်တက်ရပ်တည်နေတာဖြစ်ပါတယ်နော်။

Photo Credit:Ngwe Zin Hlaing’s Facebook page 
Photo Credit:Ngwe Zin Hlaing’s Facebook page 
Photo Credit:Ngwe Zin Hlaing’s Facebook page 
Photo Credit:Ngwe Zin Hlaing’s Facebook page 

လက်ရှိမှာဆိုရင်လည်း အခြေအနေသိပ်မကောင်းတော့တာကြောင့် အမြို့မြို့၊အနယ်နယ်တွေမှာ သူရဲကောင်းတွေအသက်ဆုံးရှုံးနေရတာပဲဖြစ်ပါတယ်။ပြည်သူလူထုကလည်း ကျန်ရစ်သူမိသားစုနဲ့အတူ ထပ်တူထပ်မျှဝမ်းနည်းပူဆွေးရပြီး တတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်။ငွေဇင်လှိုင်းကလည်း ပြည်သူလူထုနဲ့တစ်သားတည်းရပ်တည်နေတာဖြစ်လို့ သူမကိုယ်စွမ်းရှိသလောက်ကို ပါဝင်အားဖြည့်နေတာဖြစ်ပါတယ်နော်။မကြာသေးခင်ရက်ပိုင်းက ပခုက္ကူမြို့မှာ ကျဆုံးသွားတဲ့ သူရဲကောင်း (ကိုနေလင်းဦး)မိသားစုအတွက် ငွေဇင်လှိုင်းကတစ်တပ်တစ်အားကူညီလိုက်တာဖြစ်ပါတယ်။

Photo Credit:Ngwe Zin Hlaing’s Facebook page 
Photo Credit:Ngwe Zin Hlaing’s Facebook page 
Photo Credit:Ngwe Zin Hlaing’s Facebook page 
Photo Credit:Ngwe Zin Hlaing’s Facebook page 

ယခုလက်ရှိမှာဆိုရင် ပြည်သူတွေတချို့ကအသက်ပေးသွားရပြီဖြစ်လို့ ပြည်သူလူထုကလည်း အားမာန်အပြည့်နဲ့လုံးဝနောက်မဆုတ်ဘဲရှေ့ဆက်တိုးနေကြဆဲပဲဖြစ်ပါတယ်။ငွေဇင်လှိုင်းကတော့“ပခုက္ကူက  မိသားစုလေးအတွက်  မိသားစုအနေနဲ့ တတ်နိုင်တဲ့ဘက်က လှူပေးဖြစ်ခဲ့ပါတယ်။သားငယ်လေးရေ အားတင်းထားပါ သားအဖေကတော့သူရဲကောင်းအဖြစ် သမိုင်းတင်သွားခဲ့ပြီနော် ...နောင်အသက်ကြီးလာတဲ့အခါ ငါ့အဖေက ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ရင်း အသက်ပေးခဲ့ရတာကွ လို့ ဂုဏ်ယူစွာပြောလိုက်ပါ .......အရေးတော်ပုံ အောင်ရမည်”ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Ngwe Zin Hlaing’s Facebook page 
Photo Credit:Ngwe Zin Hlaing’s Facebook page 
Photo Credit:Ngwe Zin Hlaing’s Facebook page 
Photo Credit:Ngwe Zin Hlaing’s Facebook page 
Photo Credit:Ngwe Zin Hlaing’s Facebook page 
Photo Credit:Ngwe Zin Hlaing’s Facebook page 

Source&Photo Credit:Ngwe Zin Hlaing’s Facebook page 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T