ဒဂုံ ဆိပ်ကမ်း ဘက်မှ နှို့မှုန့် အခက်အခဲ ဖြစ်နေတဲ့ သမီးလေး အတွက် နှို့မှုန့် (၆)လစာ နှင့် ဖြည့်စွက်စာများကို လှူဒါန်း ကုသိုလ်ပြုခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/d5/d5c145bb4a815ef840d8a583a018ad6ce57d8b1d.jpg
အနုပညာရှင်များ

 ၀၂-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.....ရုပ်ရှင် သရုပ်ဆောင် မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ အနု ပညာလောကမှာ တစ်ချိန်က အောင်မြင်ကျော်ကြားမှုတွေကို ရရှိပိုင်ဆိုင်ထားကာ ဗီဒီယို ဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ခိုင်နှင်းဝေဟာ အခုနောက် ပိုင်းတွင် အနုပညာအလုပ်တွေကို နားထားတာ ဖြစ်ပြီး ပရဟိတ အလုပ်တွေကို လုပ်ရင်းနဲ့ "ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ"ကို ဖွင့်လှစ်ထားကာ စေတနာ အပြည့်နဲ့ ပြုစုစောင့်ရှောက်နေတာ ဖြစ်ပါတယ်။

Photo Credit -Khine Hnin Wai FB Account
Photo Credit -Khine Hnin Wai FB Account
Photo Credit -Khine Hnin Wai FB Account
Photo Credit -Khine Hnin Wai FB Account

လက်ရှိမြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတာနဲ့ ပက်သက်ပြီးတော့လည်း ခိုင်နှင်းဝေဟာ ပြည်သူပရိသတ်တွေနဲ့အတူ ပါဝင်လှုပ်ရှားကာ ကြိုးစားနေတာ ပဲဖြစ်ပါတယ်။မေတ္တာရှင်မလေးလို့ ပရိ သတ်တွေက ချစ်စနိုးခေါ်နေကြတဲ့ သူမကတော့ လူထုလှုပ်ရှားမှုတွေမှာ နေ့တိုင်းမပါဝင်နိုင်ပေမယ့်လည်း သူမတတ်နိုင်တဲ့ဘက်ကနေ ကျဆုံးသွားတဲ့ ပြည်သူတွေနဲ့ အခက်အခဲဖြစ်နေတဲ့ကလေးတွေကို သွားရောက် လှူဒါန်းတာတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Photo Credit -Khine Hnin Wai FB Account
Photo Credit -Khine Hnin Wai FB Account
Photo Credit -Khine Hnin Wai FB Account
Photo Credit -Khine Hnin Wai FB Account

မနေ့ကဆိုရင်ဖြင့် အခက်အခဲဖြစ်နေတဲ့ သမီးလေးအတွက် သွားရောက် လှူဒါန်းတာကို သူမရဲ့ Facebook စာမျက်နှာထက်တွင် "ဒီနေ့တော့ ဒဂုံ ဆိပ်ကမ်း ဘက်မှ နှို့မှုန့် အခက်အခဲ ဖြစ်နေတဲ့ သမီးလေး အတွက် နှို့မှုန့် (၆)လစာ နှင့် ဖြည့်စွက်စာများလှူဒါန်းပေးခဲ့ပါတယ်ရှင်....သမီးလေးမှာ အူပုပ်သွား၍ အူဖြတ်ထားရပြီး Covid -19 ရောဂါလဲ ကူးစက်ခံထားရပါတယ်..မိသားစု အားလုံးလည်း Covid-19 ရောဂါကြောင့် ဆေးရုံတက်ရ ၍ အခက်အခဲများ ဖြစ်နေသောကြောင့် ကျမ တတ်နိုင်တဲ့ဘက်က လှူဒါန်း ကုသိုလ် ယူခဲ့ပါတယ်ရှင်..???"ဆိုတဲ့ စာသားနဲ့ အတူ သမီးလေးရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ကဲ....လိုအပ်တဲ့နေရာလေးတွေကို အမှန်တကယ် စေတနာ အပြည့်နဲ့ မွန်မြတ်တဲ့ ကုသိုလ်လေးကို ပရိသတ်တွေ သာဓုခေါ်နိုင်ဖို့ အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Photo Credit -Khine Hnin Wai FB Account
Photo Credit -Khine Hnin Wai FB Account
Photo Credit -Khine Hnin Wai FB Account
Photo Credit -Khine Hnin Wai FB Account

သတင်း အရင်းအမြစ်Khine Hnin Wai FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T