မြန်မာ့ မီးရထားဝန်ထမ်းများအတွက် တစ်ထောင့် တစ်နေရာကနေ အားဖြည့်လှူဒါန်းမှုတွေကို ပြုလုပ်ဆောင်ရွက်နေတဲ့ မေလသံစဉ်

//s9.kh1.co/3f/3f311abb894afa1eee459e39356206bd60182868.jpg
အနုပညာရှင်များ

 ၀၂-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေရဲ့ အချစ်တော်လေး တစ်ဦးဖြစ်တဲ့ တေးသံရှင် မေလသံစဉ် ကတော့ အေးချမ်းတဲ့ အသံလေးကို ပိုင်ဆိုင်ထားကာ သီချင်းကောင်းလေးတွေကို သီဆိုလေ့ ရှိသူလေး ဖြစ်ပါတယ်။သူမကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အဆိုပိုင်းတွင် ထူးချွန်သူလေး ဖြစ်တာကြောင့် ချီးမြှင့်တဲ့ဆုတွေကိုလည်း သိမ်းပိုက်ရရှိထားတဲ့ အမျိုးသမီးတေးသံရှင် ပဲဖြစ်ပါတယ်။လတ်တလော ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ကာ ပါဝင် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Photo Credit - May Melody FB page
Photo Credit - May Melody FB page
Photo Credit - May Melody FB page
Photo Credit - May Melody FB page

ခုလိုဖြစ်ပေါ်နေတဲ့ အခြေအနေတွင် မေလဟာ လူငယ်လည်း ဖြစ်တာကြောင့် အနာဂတ်အတွက် အမှန်တရားဘက်ကနေ တက်ကြွစွာ ပြည်သူ ပြည်သားတွေနဲ့ အတူ ရင်ထဲက ဆန္ဒအမှန်တွေကို အေးချမ်းစွာ ဖော်ထုတ်နေတာ ပဲဖြစ်ပါတယ်။လက်ရှိအချိန်တွင် အနုပညာရှင် တော် တော်များများကလည်း ရဲရင့်ပြတ်သားစွာ ယုံကြည်ရာ ပန်းတိုင်ကို ပြည်သူတွေနဲ့ အတူ လက်တွဲကာ ကြိုးစားနေကြတာ ဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းလာကာ အလှူရှင်တွေလည်း ပိုများလာတာလည်း တွေ့ရပါတယ်နော်......။

Photo Credit - May Melody FB page
Photo Credit - May Melody FB page
Photo Credit - May Melody FB page
Photo Credit - May Melody FB page

အလှူရှင်တွေထဲတွင် မေလဟာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ကူညီဖေးဖကာ မနေ့ကဆိုရင်တော့ မေလရဲ့ လူမူကွန်ယက်စာမျက်နှာထက်တွင် "မြန်မာ့ မီးရထားဝန်ထမ်းများအတွက် တစ်ထောင့် တစ်နေရာမှ အားဖြည့်????"ဆိုပြီး လှူဒါန်းနေတဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေလည်း မေလရဲ့ အလှူလေးကို သာဓုခေါ်ရင်း ကျေနပ်ပီတီဖြစ်လိမ့်မယ်လို့ မျှော်လင့်တာမို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်......။

Photo Credit - May Melody FB page
Photo Credit - May Melody FB page
Photo Credit - May Melody FB page
Photo Credit - May Melody FB page

သတင်း အရင်းအမြစ်May Melody FB page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T