ကိုယ်တိုင်အဆင်မပြေတဲ့ကြားကနေ တတ်နိုင်သလောက်လေးလှူခဲ့တာကို ဝေဖန်နေကြတဲ့အတွက် ပြတ်ပြတ်သားသားတုံ့ပြန်လိုက်တဲ့ ပိုပို

//s9.kh1.co/8b/8bb775b37837f7a79160bc3e5585e1f401550d0b.jpg
အနုပညာရှင်များ

 ၀၂-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ကိုယ်တိုင်အဆင်မပြေတဲ့ကြားကနေ တတ်နိုင်သလောက်လေးလှူခဲ့တာကို ဝေဖန်နေကြတဲ့အတွက် ပြတ်ပြတ်သားသားတုံ့ပြန်လိုက်တဲ့ ပိုပို

အဆိုတော်မလေး ပိုပိုကတော့ တေးသီချင်းကောင်းများစွာနဲ့ အောင်မြင်ကျော်ကြားခဲ့သူလေးဖြစ်ပြီး အခုအချိန်မှာလည်း ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ရရှိနေတာ ဖြစ်ပါတယ် ။ လက်ရှိမှာ ကိုယ့်နိုင်ငံအတွက် ပြည်သူတစ်ယောက်နေရာကနေတစ်တပ်တစ်အား ပါဝင်ကူညီနေတဲ့ ပိုပိုက ချစ်ရတဲ့အနုပညာမောင်နှမတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေတာပဲ ဖြစ်ပါတယ် ။ ပိုပိုက ကိုယ်တိုင်ကိုယ်ကျ လမ်းပေါ်ထွက်ပြီး ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်နေတာလည်း ဖြစ်ပါတယ် ။

Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page

မနေ့ကတော့ ပိုပိုက လှည်းတန်းမှာဆုံးပါးသွားခဲ့တဲ့ မောင်လေးညီညီအတွက် စိတ်မကောင်းဖြစ်ပြီး ကျန်ရစ်ခဲ့တဲ့မိသားစုဝင်တွေကို သွားရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ် ။ ပိုပိုက မောင်လေးညီညီအတွက် သူမတတ်နိုင်သလောက် ကူညီလှူဒါန်းပေးခဲ့သလို မိသားစုကိုလည်း အားပေးစကားပြောခဲ့တာ ဖြစ်ပါတယ် ။ ပိုပို့အနေနဲ့ သူမကိုယ်တိုင်အခက်အခဲတွေရှိနေကြားကနေ စေတနာအပြည့်နဲ့ နိုင်သလောက်လှူခဲ့ပေမယ့်လည်း လူတစ်ချို့က အပြင်းအထန်ဝေဖန်နေတာကြောင့် ပြန်လည်တုံ့ပြန်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page

ပိုပိုက သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ "လူတွေက အပြစ်ပြောဖို့ပဲ သိကြတယ်နော် ဘယ်လောက်လှူလှူ စေတနာနဲ့လှူဖို့ အဓိကပါနော် ကျွန်မတို့မှာရှိသလောက်လှူတာပါရှင် ကျွန်မအခုမှလှူတာမဟုတ်ပါဘူး သိန်းရာချီပြီးလှူခဲ့ဖူးတယ်ရှင် covid ပြီးတော့ အခုချိန်ကျွန်မဆို ပိုက်ဆံချေးသုံးနေရတဲ့အချိန်မှာလှူတာပါ ကိုယ်တိုင်လည်းမလှူပဲ သူများလှူတာကို အပြစ်ပြောတဲ့သူတစ်ယောက်စီတိုင်းကိုရွံမိပါတယ်ရှင့် အဆိုတော်တွေ ဝင်ငွေမရှိတာဘယ်လောက်ကြာပြီလဲ ပွဲတွေရော လုပ်တာ မြင်လို့လား ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ်တွေတောင် ချေးသုံးနေရတယ် အဲ့လိုပြောရင်လည်း နင်တို့ကနှိမ်ဦးမယ် ငါလှူတဲ့၂၀၀၀၀ က ငါ့စေတနာအစစ်မှန်ပဲ ငါ့ရဲ့ရိုးရိုးသားသားရှာထားတဲ့ငွေပဲ သိထား ရှုတ်ချအပြစ်တင်တဲ့သူမှန်သမျှကို ထပ်ရွံတယ် (နောက်ထပ်မလှူချင်အောင် ဝေဖန် အပြစ်တင်ရှုတ်ချနေသလိုပဲနော် )ကျွန်မကိုဆဲတဲ့သူတွေရှင်တို့သာ သိန်းရာချီပြီးသွားလှူနိုင်ပါစေ ကျွန်မကိုထပ်ဆဲတဲ့သူတွေ ရှင်တို့ပဲငရဲရမှာဆဲကြ" ဆိုပြီး ရေးသားဖော်ပြထားတာပဲ ဖြစ်ပါတယ် ။ ပိုပိုကတော့ တတ်နိုင်တဲ့ဘက်ကနေ ရသလောက်လေးကူညီခဲ့ပေမယ့် ဝေဖန်ပြောဆိုသူတွေရဲ့စကားကြောင့် စိတ်မကောင်းဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-"ပိုပို" Facebook Page

Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page
Photo Credit-"ပိုပို" Facebook Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T