လူထုလှုပ်ရှားမှုမှာအသက်ပေးလိုက်ရတဲ့သူရဲကောင်းလေးရဲ့နောက်ဆုံးအိမ်ပြန်ခရီးကိုကိုယ်တိုင်လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ ထွန်းကိုကိုရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/a2/a2a6ab82e8f95d7f2f640ea92e38f5364fe69d03.jpeg
အနုပညာရှင်များ

 ၀၂-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ထွန်းကိုကိုကတော့  အနုပညာလှုပ်ရှားမှုများ  လုပ်ဆောင်နေရုံတင်မကဘဲ   နာရေးလူညီမှုအသင်းမှာလည်း  Volunteer အဖြစ် ကူညီပေးနေတာလည်း  ဖြစ်ပါတယ်။  အရေးကြုံလာတိုင်းလည်း  ပြည်သူတွေဘက်ကနေ  တတ်နိုင်သလောက်ကူညီလုပ်ဆောင်ပေးနေတာကြောင့်လည်း  ပရိသတ်တွေကြားမှာ  ဂုဏ်သတင်းမွှေးပျံ့နေတာလည်း  ဖြစ်ပါတယ်။  ထွန်းကိုကိုဟာ  လူထုလှုပ်ရှားမှုတွေမှာ  တက်တက်ကြွကြွပါဝင်နေရုံတင်မကဘဲ  ပြည်သူတွေ  မတော်တဆ  ထိခိုက်ဒဏ်ရာရတဲ့အခါ  ရှေးဦးသူနာပြုနည်းဖြင့်  ကုသပေးရန်အတွက်  Medical cover အဖြစ်  အသင့်ရှိနေပေးတာလည်း  ဖြစ်ပါတယ်။

Photo Crd-Yanpaing Tun Ko’s Facebook Account 

မနေ့ကလည်း  သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ  ဝမ်းနည်းစရာမှတ်တမ်းပုံလေးတွေ  တင်ထားတာလည်း  ဖြစ်ပါတယ်။  ဒါကတော့  လူထုလှုပ်ရှားမှုတွေမှာ  ပါဝင်ရင်း  မမျှော်လင့်ဘဲ  ကြွေလွင့်သွားခဲ့ရတဲ့ သူရဲကောင်းလေးရဲ့  နောက်ဆုံးအိမ်အပြန်ခရီးကို  သူ့ရဲ့ နေရပ်ဖြစ်တဲ့  သထုံမြို့ကို  ကိုယ်တိုင်လိုက်ပါ  ပို့ဆောင်ပေးခဲ့တာလည်း  ဖြစ်ပါတယ်။  တစ်နိုင်ငံလုံးက  ဒီလှုပ်ရှားမှုတွေပါ  ပါဝင်နေတဲ့  ပြည်သူများစွာကလည်း  ကျဆုံးသွားတဲ့  သူရဲကောင်းလေးတွေအတွက် နှမျောတသ  ဝမ်းနည်းနေကြတာလည်း  ဖြစ်ပါတယ်။

Photo Crd-Yanpaing Tun Ko’s Facebook Account 
Photo Crd-Yanpaing Tun Ko’s Facebook Account 
Photo Crd-Yanpaing Tun Ko’s Facebook Account 
Photo Crd-Yanpaing Tun Ko’s Facebook Account 
Photo Crd-Yanpaing Tun Ko’s Facebook Account 
Photo Crd-Yanpaing Tun Ko’s Facebook Account 
Photo Crd-Yanpaing Tun Ko’s Facebook Account 
Photo Crd-Yanpaing Tun Ko’s Facebook Account 

ထွန်းကိုကိုကလည်း " ညီအစ်ကို သုံးယောက်မှာ အငယ်ဆုံး

အစ်ကိုတွေက မှတ်ချက်ပေးတယ် .. 

အလိမ္မာဆုံးတဲ့.. 

မိဘကို လုပ်ကျွေးပြုစုနေတဲ့ 

ညီလေး...

ကျိုက်ထိုသား ဇင်လင်းထက် အသက် ၂၀ နှစ် ရဲ့ 

အိမ်အပြန်ခရီးဟာ ဝမ်းနည်းစို့နစ်ဖွယ်ရာ 

မြင်ကွင်းများနဲ့ကြုံခဲ့ရတယ် ... 

စွန့်လွှတ်စွန့်စား ကျိုက်ထိုသား တဲ့ .. 

ကျဆုံးသွားတဲ့ အာဇာနည် .. 

ကျိုက်ထိုသားကွ ကျိုက်ထိုသား .. တဲ့ ...

ညီလေးရေ ခေါင်းကို မှန်အောင်ပစ်တဲ့ကောင်က ပြည်သူ့ချဥ်ဖတ် ဖြစ်သွားရတယ် ..

လက်နက်အားကိုးပြီး အနိုင်ကျင့်ခြင်းခံခဲ့ရတဲ့ ညီလေးက ကျိုက်ထိုမြို့ရဲ့ အာဇာနည် သူရဲကောင်းအဖြစ်မှတ်ကျောက်တင်ခံခဲ့ရပါပြီ ..

ကောင်းရာမွန်ရာ ဘုံဘဝကို ရောက်ရှိပါစေ ညီလေးရေ ..??? " ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပါတယ်။ 

Source and Photo Crd-Yanpaing Tun Ko’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T