လူထုလှုပ်ရှားမှုမှာပါဝင်ရင်းအသက်ပေးသွားရတဲ့ ညီညီအောင်ထက်နိုင်ရဲ့ ကျန်ရစ်သူမိသားစုဆီကိုသွားပြီးအားပေးစကားတွေပြောကာနှစ်သိမ့်ခဲ့တဲ့ အိုင်ရင်းဇင်မာမြင့်

//s9.kh1.co/93/934c3a59aa319470c4e074ad7dccf77cd1f01e30.jpeg
အနုပညာရှင်များ

 ၀၂-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

လူထုလှုပ်ရှားမှုမှာပါဝင်ရင်းအသက်ပေးသွားရတဲ့ ညီညီအောင်ထက်နိုင်ရဲ့ ကျန်ရစ်သူမိသားစုဆီကိုသွားပြီးအားပေးစကားတွေပြောကာနှစ်သိမ့်ခဲ့တဲ့ အိုင်ရင်းဇင်မာမြင့်

အဆိုတော်တစ်ယောက်ဖြစ်တဲ့ အိုင်ရင်းဇင်မာမြင့်ကတော့ ဂီတလမ်းကြောင်းပေါ်မှာ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေနဲ့ လျှောက်လှမ်းနေတာဖြစ်ပါတယ်။အိုင်ရင်းဇင်မာမြင့်ရဲ့သီချင်းတွေကိုလည်း လူကြီး၊လူငယ်မရွေးကြိုက်နှစ်သက်ကြတာကြောင့် ဘယ်တော့မှမရိုးသွားဘဲ နားထောင်လို့ကောင်းနေဆဲဖြစ်တဲ့ သီချင်းကောင်းလေးတွေဖြစ်ပါတယ်နော်။အိုင်ရင်းဇင်မာမြင့်တို့အနုပညာရှင်တွေကလည်း COVID-19 (First Wave)ကတည်းက အလုပ်တွေကို ရပ်နားထားကြတာ အခုချိန်ထိပဲဖြစ်ပါတယ်။အိုင်ရင်းဇင်မာမြင့်က လက်ရှိအခြေအနေမှာဆိုရင်လည်းပြည်သူလူထုနဲ့အတူ တစ်တပ်တစ်အားပါဝင်နေတာဖြစ်ပါတယ်နော်။

Photo Credit:Irene Zin Mar Myint’s Facebook Acc
Photo Credit:Irene Zin Mar Myint’s Facebook Acc
Photo Credit:Irene Zin Mar Myint’s Facebook Acc
Photo Credit:Irene Zin Mar Myint’s Facebook Acc

အိုင်ရင်းဇင်မာမြင့်က ယခုလိုအချိန်မျိုးမှာပဲ မိခင်ကိုဆုံးရှုံးလိုက်ရသေးတာကြောင့် ဖြည်မဆည်နိုင်အောင်ဝမ်းနည်းနေရတာဖြစ်ပါတယ်။ဘဝတစ်ပါးကိုကူးပြောင်းသွားတဲ့ မေမေ့ကိုလည်း အိုင်ရင်းဇင်မာမြင့်က အမြဲသတိရပြီးပူဆွေးနေတာဖြစ်ပါတယ်နော်။ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက ဖြစ်ပျက်သွားတဲ့အခြေအနေတွေကြောင့် အိုင်ရင်းဇင်မာမြင့်ကလည်း ပြည်သူလူထုနဲ့အတူ လမ်းမပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်သေးတာဖြစ်ပါတယ်။အရမ်းဇွဲကောင်းကြတဲ့ မြန်မာပြည်သူ၊ပြည်သားတွေကတော့ ယနေ့ထိတိုင်အားမလျော့ကြသေးတာကို တွေ့မြင်နေရဆဲပဲဖြစ်ပါတယ်နော်။

Photo Credit:Irene Zin Mar Myint’s Facebook Acc
Photo Credit:Irene Zin Mar Myint’s Facebook Acc
Photo Credit:Irene Zin Mar Myint’s Facebook Acc
Photo Credit:Irene Zin Mar Myint’s Facebook Acc

ပြည်သူလူထုတွေထဲမှာလည်း တချို့လူငယ်လေးတွေက လူထုလှုပ်ရှားမှုမှုပါဝင်ရင်း အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ဖေဖော်ဝါရီလ(၂၈)ရက်နေ့ကဆိုရင် တစ်နိုင်ငံလုံးပူဆွေးသောကရောက်ရတဲ့နေ့လေးပဲဖြစ်ပါတယ်။အမြို့မြို့၊အနယ်နယ်မှာ ကျဆုံးသွားရတဲ့လူငယ်လေးတွေအတွက်လည်း ပြည်သူလူထုက တတ်နိုင်တဲ့ဘက်ကနေဝန်းရံပြီး ဆုတောင်းပွဲတွေပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်နော်။အိုင်ရင်းဇင်မာမြင့်ကတော့ လှည်းတန်းမှာကျဆုံးသွားတဲ့သူရဲကောင်းညီညီအောင်ထက်နိုင်ရဲ့နောက်ဆုံးခရီးကိုလိုက်ပို့ပေးပြီး ကျန်ရစ်သူမိသားစုကိုလည်း အားပေးစကားနဲ့နှစ်သိမ့်ခဲ့တာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ ပြည်သူအချင်းချင်းကပဲ အပြန်အလှန်ဖေးမကူညီကြပြီး မိသားစုနဲ့ထပ်တူဝမ်းနည်းနေကြတာပဲဖြစ်ပါတယ်နော်။

Photo Credit:Irene Zin Mar Myint’s Facebook Acc
Photo Credit:Irene Zin Mar Myint’s Facebook Acc
Photo Credit:Irene Zin Mar Myint’s Facebook Acc
Photo Credit:Irene Zin Mar Myint’s Facebook Acc
Photo Credit:Irene Zin Mar Myint’s Facebook Acc
Photo Credit:Irene Zin Mar Myint’s Facebook Acc

Source&Photo Credit:Irene Zin Mar Myint’s Facebook Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T