အပြစ်မဲ့ပြည်သူတွေအတွက် ရင်ကွဲမတက်ဝမ်းနည်းကြေကွဲနေရတဲ့အကြောင်း ယူကြုံးမရစွာပြောပြလာတဲ့ နန်းဆုရတီစိုး

//s9.kh1.co/47/47e1ef3d8746707b20cfbb1a455b7981314fce06.jpg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. နန်းဆုလို့အားလုံးကချစ်စနိုးခေါ်ကြတဲ့ အဆိုတော်သရုပ်ဆောင်မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ ယောကျ်ားလေးမိန်းကလေးမရွေး အားလုံးချစ်ခင်ကြပြီး အနုပညာလောကမှာထိပ်တန်းကနေ အောင်မြင်နေသူလေးပဲ ဖြစ်ပါတယ်နော်..။

နန်းဆုလေးကတော့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး အားလုံးနဲ့အတူရပ်တည်ကာ လှုပ်ရှားမှုတွေပြုလုပ်နေပြီး ပြည်သူပရိသတ်တွေ တွေ့ကြုံခံစားနေရတာတွေအပေါ်မှာလည်း ဝမ်းနည်းစိတ်မကောင်းဖြစ်လို့ နေပါတယ်နော်..။

Photo Credit - Nansu Yati Soe's Fb Acc
Photo Credit - Nansu Yati Soe's Fb Acc
Photo Credit - Nansu Yati Soe's Fb Acc
Photo Credit - Nansu Yati Soe's Fb Acc

လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့အပြင် လှူဒါန်းမှုတွေကိုပါ ပြုလုပ်နေတဲ့ နန်းဆုလေးတစ်ယောက် ဒီကနေ့လေးမှာတော့ သူမရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြည်သူတွေအတွက်ဝမ်းနည်းယူကြုံးမရစွာ စကားလေးဆိုလာပါတယ်နော်..။

အပြစ်မဲ့ပြည်သူတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်သတ်ဖြတ်နေတာတွေကိုရပ်တန့်ကြဖို့ပြောရင်း သူမအနေနဲ့လည်း ရင်ကွဲမတတ်ဝမ်းနည်းကြေကွဲနေရတဲ့အကြောင်းလေးကိုလည်း နန်းဆုလေးက ယူကြုံးမရစွာပြောပြလာတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Nansu Yati Soe's Fb Acc
Photo Credit - Nansu Yati Soe's Fb Acc
Photo Credit - Nansu Yati Soe's Fb Acc
Photo Credit - Nansu Yati Soe's Fb Acc

"ရင်ကွဲမတတ် ဝမ်းနည်းကြေကွဲရပါတယ် ?

တော်ပါတော့

လက်နက်မဲ့ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေပါရှင်

လက်နက်အားကိုးနဲ့ မတရားအနိုင်ကျင့်သတ်ဖြတ်နေတာတွေ တော်ကြာပါတော့ရှင်????

အာဏာရှင်စနစ် မုချကျဆုံးပါစေ

HowManyDeadBodyNeedForUNtoTakeAction. ." ဆိုပြီး နန်းဆုလေးက စိတ်မကောင်းစွာ ရေးသားထားတာပါ..။

ပြည်သူပရိသတ်တွေအားလုံးကလည်း နန်းဆုလေးနဲ့အတူ ထပ်တူခံစားနေရပြီး မချိတင်ကဲဖြစ်ကြရတဲ့ အကြောင်းလေးတွေကို Comment လေးတွေမှာ အသီးသီးရေးသားထားကြတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - Nansu Yati Soe's Fb Acc
Photo Credit - Nansu Yati Soe's Fb Acc
Photo Credit - Nansu Yati Soe's Fb Acc
Photo Credit - Nansu Yati Soe's Fb Acc

သတင်း အရင်းအမြစ်Nansu Yati Soe's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T