သမီးလေးကိုယ်တိုင်ရေးပေးတဲ့ဆိုင်းဘုတ်လေးကိုကိုင်ဆောင်ကာ လူထုလှုပ်ရှားမှုတွေမှာပြည်သူတွေနဲ့အတူရဲရဲဝံ့ဝံ့ပါဝင်ခဲ့တဲ့ လုလုအောင်

//s9.kh1.co/63/63d4df5c2d663ce3f52a184ab96961bb267ed33d.jpeg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

မော်ဒယ် လုလုအောင်ကတော့  လတ်တလောဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ အုတ်တစ်ချက် သဲတစ်ပွင့်အနေနဲ့  ပါဝင်ဆောင်ရွက်နေတာလည်း  ဖြစ်ပါတယ်။  လူငယ်တွေအကုန်လုံး လမ်းပေါ်ထွက်ကာ  ရင်ထဲကဆန္ဒအမှန်တရားတွေ  ထုတ်ဖော်ပြသနေချိန်မှာ  သူမကလည်း တစ်ထောင့်တစ်နေရာကနေ  ပါဝင်နေတာလည်း  ဖြစ်ပါတယ်။  ပရိသတ်တွေရဲ့ အခုလို ပြည်သူတွေနဲ့အတူ  တစ်သားတည်း  ရပ်တည်ပေးနေတဲ့ လုလုအောင်ကို ချီးကျူးနေကြတာလည်း  ဖြစ်ပါတယ်။

Photo Crd-Lu Lu Aung’s Facebook Page 
Photo Crd-Lu Lu Aung’s Facebook Page 
Photo Crd-Lu Lu Aung’s Facebook Page 
Photo Crd-Lu Lu Aung’s Facebook Page 

လုလုအောင်ဟာ  လူထုလှုပ်ရှားမှုတွေမှာ  နေ့စဉ်ပါဝင်နေရုံတင်မကဘဲ  ပြည်သူတွေ စားဖို့အတွက်အစားအသောက်တွေများလည်း  လှူဒါန်းကာ ကုသိုလ်ယူနေတာလည်း  ဖြစ်ပါတယ်။  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း  သတင်းအချက်အလက်တွေကိုလည်း  အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  လုလုအောင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ  သမီးလေးကိုယ်တိုင်ရေးပေးတဲ့ဆိုင်းဘုတ်လေးကိုကိုင်ဆောင်ကာ လူထုလှုပ်ရှားမှုတွေမှာပြည်သူတွေနဲ့အတူရဲရဲဝံ့ဝံ့ပါဝင်ခဲ့တဲ့ပုံလေးတွေ  တင်ထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Lu Lu Aung’s Facebook Page 
Photo Crd-Lu Lu Aung’s Facebook Page 
Photo Crd-Lu Lu Aung’s Facebook Page 
Photo Crd-Lu Lu Aung’s Facebook Page 

သူမကလည်း " ခေးကြီးသမီး Gen Z ရေးပေးတဲ့ ဆိုင်းဘုတ်နဲ့ ✊?" ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပါတယ်။  လုလုအောင်ဟာ ကလေးတွေတောင် ဒီလောက်ကြိုးစားတာ အိမ်ထဲမှာဘဲနေရတာရှက်တယ်လို့ဆိုကာ လမ်းပေါ်ထွက်ကာ ရဲဝင့်စွာပါဝင်လှုပ်ရှားနေတာလည်း  ဖြစ်ပါတယ်။  ပရိသတ်တွေလည်း  သိရှိနိုင်အောင်  ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပြီး  မြန်မာပြည်ကြီးအမြန်ဆုံး  ငြိမ်းချမ်းပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Lu Lu Aung’s Facebook Page 

Photo Crd-Lu Lu Aung’s Facebook Page 
Photo Crd-Lu Lu Aung’s Facebook Page 
Photo Crd-Lu Lu Aung’s Facebook Page 
Photo Crd-Lu Lu Aung’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T