မောင်လေး ညီညီ အတွက် သင်္ကန်း နဲ့ ကူငွေကို သူငယ်ချင်းတွေ စုပေါင်းကာ သွားလှူပေးရင်းနဲ့မောင်လေး ညီညီ အမေကို စိတ်မကောင်းခြင်းများစွာဖြင့် အားပေးစကားပြောခဲ့တဲ့ ပိုပို

//s9.kh1.co/74/742e60fc33a45610cbef9a7b64f903459550428d.jpg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံအတွင်းမှာ ဖေဖော်ဝါရီလ (၁)ရက်နေ့တည်းက ဖြစ်ပွားနေတဲ့ အခြေအနေကြောင့် ပြည်သူလူထုတွေက ရင်ထဲက ဆန္ဒအမှန်ကို လမ်းမတွေပေါ်တွင် ငြိမ်းချမ်းစွာ ဖော်ထုတ်နေကြတာ ပဲဖြစ်ပါတယ်။အားကြိုးမာန်တတ် လူထုလှုပ်ရှားမှုကို လုပ်ဆောင်နေတဲ့ထဲတွွင် အနုပညာရှင် အများအပြားကလည်း ပြည်သူထဲက ပြည်သူပဲမို့ အမှန်တရားဘက်ကနေ မားမားမတ်မတ် ရပ်တည်ကာ တက်ကြွစွာ ပူပေါင်းပါဝင်နေသလို လှူဒါန်းမှုတွေကိုလည်း တတ်နိုင်သလောက် လိုက်လံဝေဌနေတာလည်း တွေ့ရပါတယ်နော်.....။

Photo Credit - Po Po Fb page
Photo Credit - Po Po Fb page
Photo Credit - Po Po Fb page
Photo Credit - Po Po Fb page

ဒီထဲတွင် အဆိုတော် ပိုပိုကလည်း တစ်စိတ်တစ်ပိုင်း ကူညီဖေးမနေကာ လူထုလှုပ်ရှားမှုတွင် အားတတ်သရော ပါဝင်လုပ်ဆောင်နေတာ ပဲဖြစ်ပါတယ်။တေးသံရှင် ပိုပိုကတော့ နေ့ဘက်တွင် မမောမပန်း ဂီတအနုပညာရှင်မောင်နှမတွေနဲ့ အတူ အားဖြည့်သလို ညဘက်တွင်လည်း သံပုံးတီးတဲ့ အပြင် မောရသုတ်ကို ရွတ်ဖတ်ပူဇော်ကာ မေတ္တာပို့ အမျှဝေပေးကာ မြန်မာပြည်အေးချမ်းစေဖို့ အတွက် ဆုတောင်းပေးနေတာ ဖြစ်ပါတယ်။အခုတစ်ခါမှာဆိုရင်လည်း ပိုပိုက မနေ့က ကျဆုံးသွားတဲ့ သူရဲကောင်း ညီညီ အတွက် စိတ်မကောင်းဖြစ်ကာ ပူဆွေးဝမ်းနည်းနေတဲ့ မိဘတွေဆီကို သွားရောက်ကာ လှူဒါန်းနေတာ ပဲဖြစ်ပါတယ်။

Photo Credit - Po Po Fb page
Photo Credit - Po Po Fb page
Photo Credit - Po Po Fb page
Photo Credit - Po Po Fb page

ပိုပိုရဲ့ လူမူကွန်ယက်စာမျက်နှာထက်တွင် "မောင်လေး ညီညီ အတွက် သင်္ကန်း နဲ့ ကူငွေ သွားလှူပေးရင်း ရဲ့ မောင်လေး ညီညီ အမေကို စိတ်မကောင်းခြင်းများစွာဖြင့် အားပေးစကားပြောခဲ့ပါတယ်ရှင့် ?? နောက်ဘဝမှာ ဒီလိုအဖြစ်ဆိုးမျိူး ကင်းဝေးပါစေ ရှင် စန္ဒီမြင့်လွင် (၂၅၀၀၀) မိစန္ဒီ(၁၀၀၀၀၀) ပိုပို (၂၀၀၀၀) လှိုင်မြတ်ဝေ (၅၀၀၀) ကိုသားဖြိုး နဲ့ သူငယ်ချင်းများ (၁၁၅၀၀၀) (သူ့အမေ ကတော့ပြောရှာပါတယ် ပစ်မဲ့ပစ် ခြေထောက်လေး လက်လေး ပစ်ရင်တောင် တော်ပါသေးတယ် အခုတော့ သားလေး သေအောင် ပစ်ကြတယ် တဲ့ ??)"ဆိုပြီး ရေးသားဖော်ပြလာတာ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း ပိုပိုရဲ့ အလှူကို သာဓုခေါ်ရင်း ထပ်တူ ဝမ်းနည်းနေမှာမို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်.....။

Photo Credit - Po Po Fb page
Photo Credit - Po Po Fb page
Photo Credit - Po Po Fb page
Photo Credit - Po Po Fb page

သတင်း အရင်းအမြစ်Po Po Fb page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T