အတိုက်အခိုက်တွေကြားက ရှေ့ကနေဦးဆောင်ပြီး သံပြိုင်ဟစ်ကြွေးကာ ပြည်သူတွေနဲ့တစ်သားထဲအင်တိုက်အားတိုက်ပါဝင်ခဲ့တဲ့ ပိုင်အုပ်စိုးအောင်ရဲ့ဗီဒီယို

//s9.kh1.co/19/19a47db1287ee4642d5c01c6969b9d44b154ec7a.jpeg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.....

ခုမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေအစွမ်းကုန်ပါ၀င်ကာ ငြိမ်းချမ်းစွာ လှုပ်ရှားမှုတွေလုပ်ဆောင်နေကြတာကို အားလုံးလည်းသိမြင်ကြမယ်ထင်ပါတယ်နော်။ နိုင်ငံတကာရဲ့စိတ်၀င်စားမှုခံနေရတဲ့ ဒီလူထုလှုပ်ရှားမှုကြီးဟာဆိုရင် ပြည်သူတွေအပြင် နယ်ပယ်အသီးသီးမှ လူကြီးလူငယ်မရွေးတဲ့ အနုပညာရှင်များစွာပါ၀င်နေတာလည်းဖြစ်ပါတယ်။

Photo Credit : Paing Oak Soe Aung Facebook Account
Photo Credit : Paing Oak Soe Aung Facebook Account
Photo Credit : Paing Oak Soe Aung Facebook Account
Photo Credit : Paing Oak Soe Aung Facebook Account

ထိုထဲမှာမှ မော်ဒယ် သရုပ်ဆောင် ပိုင်အုပ်စိုးအောင်ကလည်း စွမ်းစွမ်းတမံပါ၀င်အားဖြည့်နေတာကိုလေးစားစွာတွေ့မြင်ရပါတယ်နော်။လူငယ်တစ်ယောက်ပီပီ ယုံကြည်ချက်တွေအတွက် ကောင်းမွန်တဲ့အနာဂါတ်ကိုရရှိစေရန် နေ့စဉ်နေ့တိုင်း ရရာနေရာကနေ အင်တိုက်အားတိုက် ပါဝင်ရပ်တည်ကာ လမ်းမပေါ်ထွက်ပြီး ပြည်သူတစ်ယောက်အနေနဲ့ တာဝန်ကြေပွန်စွာ လှုပ်ရှားမှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။

Photo Credit : Paing Oak Soe Aung Facebook Account
Photo Credit : Paing Oak Soe Aung Facebook Account
Photo Credit : Paing Oak Soe Aung Facebook Account
Photo Credit : Paing Oak Soe Aung Facebook Account

တစ်နေ့ထက်တစ်နေ့ အားကောင်းလာတဲ့ လှုပ်ရှားမှုကြီးဟာ ခုဆိုအန္တရာယ်အခက်အခဲတွေကြားထဲကနေ ပြည်သူတွေကနောက်မဆုတ်ပဲ ရဲရဲဝင့်ဝင့်ရင်ဆိုင်နေကြတာကိုလည်း ကြက်သီးထဖွယ်တွေ့မြင်ရပါတယ်။ခုလည်း ပိုင်အုပ်စိုးအောင်တစ်ယောက် အတိုက်အခိုက်တွေကြားကနေ ပြည်သူကိုရှေ့ကဦးဆောင်ကာ သီချင်းတွေသံပြိုင်ဟစ်ကြွေးရင်း လှုပ်ရှားမှုပြုလုပ်ခဲ့ပြန်ပါတယ်။ဗီဒီယိုလေးထဲမှာ အင်တိုက်အားတိုက် ပါဝင်နေတဲ့ ပိုင်အုပ်စိုးအောင်ကိုကြည့်ပြီးလေးစားမိတာအမှန်ပါပဲနော်။ပိုင်အုပ်စိုးအောင်ရဲ့ ဗီဒီယိုလေးကို မျှဝေပေးရင်း အားလုံး အန္တရာယ်ကင်းစွာ အိမ်ပြန်ရောက်ကြပါစေနော်။

Photo Credit : Paing Oak Soe Aung Facebook Account
Photo Credit : Paing Oak Soe Aung Facebook Account
Photo Credit : Paing Oak Soe Aung Facebook Account
Photo Credit : Paing Oak Soe Aung Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T