လမ်းပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေခဲ့ပြီး ဘယ်တော့မှ အရှုံးမပေးဘူးလို့ဆိုလာတဲ့ နှိုင်းရှင်မြင့်မိုရ်

//s9.kh1.co/16/16b19ce9f13ce61d8ef75ae612cbdd7a07369b07.jpg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဇာတ်ပို့သရုပ်ဆောင် နှိုင်းရှင်မြင့်မိုရ်ကတော့ အနုပညာလမ်းကြောင်းထက်မှာ ဆယ်စုနှစ်တစ်ခုကြာ ရပ်တည်အောင်မြင်ခဲ့တာဖြစ်ပြီး ပရိသတ်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ သူတစ်​ယောက်ပါ။ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေဆဲဖြစ်နေတဲ့ သူမက Live Saleအဖြစ်လည်း စိန်ရွှေရတနာပစ္စည်းနဲ့ အခြားသော ကုန်ပစ္စည်းတွေကို ရောင်းချလေ့ရှိတာဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်အားပေးကြတဲ့ ပရိသတ်တွေအတွက်လည်း လူမှုကွန်ယက်ထက်မှာ ပုံလေးတွေကို ဝေမျှလေ့ရှိတာပါနော်။ 

Photo credit - Nhying Shin's FB account
Photo credit - Nhying Shin's FB account

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာတော့ နှိုင်းရှင်က အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်နားထားပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတာဖြစ်ပါတယ်။ သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာလည်း လမ်းပေါ်ထွက်ကာ နိုင်ငံကောင်းစားဖို့အတွက် ပြည်သူတွေနဲ့အတူ ရပ်တည်နေတဲ့ ပုံလေးတွေကို တင်ပေးလေ့ရှိတာဖြစ်ပြီး မကြာသေးတဲ့ နာရီပိုင်းအချိန်ကလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ 

Photo credit - Nhying Shin's FB account
Photo credit - Nhying Shin's FB account
Photo credit - Nhying Shin's FB account
Photo credit - Nhying Shin's FB account

ဒါကတော့ နှိုင်းရှင်က အနုပညာရှင်မောင်နှမတွေနဲ့အတူ ရန်ကုန်မြို့ရဲ့ စုရပ်နေရာတွေမှာ သွားရောက်ကာ လူထုလှုပ်ရှားမှုပြုလုပ်နေခဲ့တာဖြစ်ပြီး " ငါတို့ ဘယ်တော့မှ အရှုံးမ‌ပေးဘူး " ဆိုတဲ့ စာသားလေးနဲ့ အတူ ပုံလေးတွေကို တင်ပေးလာခဲ့တာပါ။ နေ့စဥ်ဆက်တိုက်ဆိုသလို ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ကာ ရပ်တည်နေတဲ့ နှိုင်းရှင်မြင့်မိုရ်ရဲ့ ပုံလေးတွေကို ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှု့စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ 

Photo credit - Nhying Shin's FB account
Photo credit - Nhying Shin's FB account
Photo credit - Nhying Shin's FB account
Photo credit - Nhying Shin's FB account

သတင်း အရင်းအမြစ် Source - Nhying Shin's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T