ဒီ​နွေဦးဟာ လူငယ်​တွေရင်ထဲကို သတ္တိ​တွေဘယ်လိုများထည့်​ပေးလိုက်တယ်ဆိုတာ ဘယ်လို​တွေး​တွေး ဥာဏ်မမီ​တော့ဘူးလို့ စိတ်ပူဝမ်းနည်းစွာ ပြောလာတဲ့ အေးသီတာ

//s9.kh1.co/93/93702bd9514ffcad2a8f5f8b1f01c1b24db2ca0c.jpg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ......ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်အဖြစ်နဲ့ ဗီဒီယိုဇာတ်ကားတွေ၊ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ အေးသီတာကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်နော်.....။သူမဟာ အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည် အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပြီး ကျရာဇာတ်ကောင်ကို ပီပြင်အောင် လုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေ ရင်ထဲမှာ နေရာတစ်နေရာကို ရယူထားနိုင်တဲ့ အနုပညာရှင်တစ်လက် ပဲဖြစ်ပါတယ်။

Photo Credit-Aye Thida FB Account
Photo Credit-Aye Thida FB Account
Photo Credit-Aye Thida FB Account
Photo Credit-Aye Thida FB Account

သူမဟာ ယခုပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကြောင့် ပြည်သူတွေဘက်ကနေ အမှန်တရားကို ရဲရဲဝင့်ဝင့် ဖော်ထုတ်ကာ လူထုလှုပ်ရှားမှုတွင် ပါဝင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။သမီးလေးနဲ့ အမေရှိတာကြောင့် နေ့တိုင်းအပြင် မထွက်နိုင်ပေမယ့်လည်း လူမူကွန်ယက် စာမျက်နှာတွင် သတင်းအချက်အလက်များကို တင်ပေးကာ ပြည်သူပရိသတ်တွေနဲ့ တစ်သား တည်းရှိနေတာ လည်းဖြစ်ပါတယ်။တစ်ရက်ပြီး တစ်ရက်အားကောင်းလာတဲ့ လူထုလှုပ်ရှားမှုတွင် လှူဒါန်းတဲ့သူတွေလည်း များပြားလာတာ ဖြစ်ပြီး အနုပညာရှင်များစွာကလည်း ပါဝင်နေတဲ့ထဲတွင် မအေးသီတာကလည်း တတ်နိုင်တဲ့ဘက်ကနေ ပူပေါင်းအားဖြည့်ပေးနေတာ ပဲဖြစ်ပါတယ်။

Photo Credit-Aye Thida FB Account
Photo Credit-Aye Thida FB Account
Photo Credit-Aye Thida FB Account
Photo Credit-Aye Thida FB Account

အခုတစ်ခါမှာလည်း သူမရဲ့Facebook စာမျက်နှာထက်တွင် "လူကြီး​တွေက ငိုတယ် အိမ်​ရှေ့အိမ်​နောက် ​ယောက်ယက်ခတ် စိတ်ပူကြတယ် ​တောင်​မြောက်​ပြေး ဘုရားစာရွတ်တယ် အသံ​တွေကြားရင် ရက်စက်လိုက်ကြတာ ရက်စက်လိုက်ကြတာလို့ မချိတင်ကဲ ဖြစ်ကြတယ် လူငယ်​တွေက​တော့ အချိန်တန်ရင် သူတို့​တွေမနိုးခင်မှာပဲ အိမ်တံခါးဂျက် အသာဖွင့်လို့ ထွက်သွား ကြပြန်တယ် ဒီ​နွေဦးဟာ လူငယ်​တွေရင်ထဲကို သတ္တိ​တွေဘယ်လိုများထည့်​ပေးလိုက်တယ်ဆိုတာ ဘယ်လို​တွေး​တွေး ဥာဏ်မမီ​တော့ဘူး"ဆိုပြီး အပြင်ထွက်နေတဲ့ လူငယ်တွေကိုစိတ်ပူဝမ်းနည်းတဲ့ အကြောင်းလေးကို ရေးသားလာတာကြောင့် ပြန်လည်ဖော်ပြပေးရင်း အားလုံးဘေးရန် ကင်းရှင်းကြပါစေနော်.....??

Photo Credit-Aye Thida FB Account
Photo Credit-Aye Thida FB Account
Photo Credit-Aye Thida FB Account
Photo Credit-Aye Thida FB Account

သတင်း အရင်းအမြစ်Aye Thida FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T