ညဘက်မီးပျက်သွားချိန်မှာ လမ်းအန္တရာယ်ကင်းအောင် ကားမီးတွေဖွင့်ပေးကြဖို့ အော်ပြောပေမယ့် ဘယ်သူမှမကူညီခဲ့ကြောင်းပြောလာတဲ့စူးရှထက်

//s9.kh1.co/2b/2b382b283660af8927d94b2518596ab21a2063a7.jpg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ညဘက်မီးပျက်သွားချိန်မှာ လမ်းအန္တရာယ်ကင်းအောင် ကားမီးတွေဖွင့်ပေးကြဖို့ အော်ပြောပေမယ့် ဘယ်သူမှမကူညီခဲ့ကြောင်းပြောလာတဲ့စူးရှထက်

လက်ရှိမှာဆိုရင် အနုပညာရှင်တွေတော်တော်များများနဲ့ ဂီတလောကသားအားလုံးက ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ပေးနေကြတာကို ပရိသတ်တွေလည်း မြင်တွေ့ကြမယ် ထင်ပါတယ်နော် ။ လူထုလှုပ်ရှားမှုတွေမှာ အားသွန်ခွန်စိုက် ကြိုးစားပေးနေကြတဲ့သူတွေထဲမှာတော့ မော်ဒယ်လ် စူးရှထက်ကလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ် ။ စူးရှထက်ဟာဆိုရင် နေ့တိုင်းနီးပါး လမ်းပေါ်ထွက်ပြီး ပြည်သူတွေနဲ့အတူ အားလုံးလိုချင်တဲ့ပန်းတိုင်ကို အရောက်သွားနိုင်ဖို့ အပင်ပန်းခံနေသူလေး ဖြစ်ပါတယ်။

Photo Credit -Zar Chi's FB Acc
Photo Credit -Zar Chi's FB Acc
Photo Credit -Zar Chi's FB Acc
Photo Credit -Zar Chi's FB Acc

စူးရှထက်က သူမကိုယ်တိုင် တက်တက်ကြွကြွပါဝင်နေသလို ညဘက်တွေမှာ ရပ်ကွက်ကို ကင်းစောင့်ပေးတဲ့ ပြည်သူတွေအတွက် အရသာရှိတဲ့ အစားအသောက်တွေကိုလည်း စီစဥ်ပေးလေ့ရှိတာ ဖြစ်ပါတယ် ။ မနေ့ကဆိုရင်လည်း စူးရှထက်က အန္တရာယ်ရှိနေတဲ့ကြားထဲကနေ ပြေးရင်းလွှားရင်းနဲ့ ပြည်သူတွေအတွက် လိုအပ်တာတွေကို ရသလောက်လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ် ။ ညဘက်မီးပျက်တဲ့အချိန်မှာတော့ စူးရှထက်က လမ်းအန္တရာယ်ကင်းအောင် ကားမီးဖွင့်ပြီး အကူအညီတောင်းခဲ့သေးတာ ဖြစ်ပါတယ် ။

Photo Credit -Zar Chi's FB Acc
Photo Credit -Zar Chi's FB Acc
Photo Credit -Zar Chi's FB Acc
Photo Credit -Zar Chi's FB Acc
Photo Credit -Zar Chi's FB Acc
Photo Credit -Zar Chi's FB Acc

ဒီအကြောင်းကို စူးရှထက်က "ကိုယ့်မှာတော့ မီးပျက်သွားလို့အကာအကွယ်တွေဝတ် အိမ်ရှေ့ထွက် ကားစက်နိုး ကားမီးဖွင့်ပြီး လမ်းထဲမှာ ကားရှိတဲ့သူတွေ ကားမီးလေး ဖွင့်ထားပေးကြပါ လမ်းအန္တရာယ်ကင်းအောင်လို့ပါ အသံပြဲကြီးနဲ့ အော်တာအော်တာ တစ်ယောက်မှလဲ ကားမီးမဖွင့် ? ငါပဲ အစိုးရိမ်လွန်လို့နေမှာပါ စိတ်ပူမိသူအမှားဘဲ ? အရေးတော်ပုံအောင်မှကိုဖြစ်မှာပါ? စည်းလုံးခြင်းသည်အင်အား" ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ စူးရှထက်ကတော့ သူမနေထိုင်တဲ့နေရာလေးမှာရှိတဲ့ ပြည်သူတွေအတွက် စိုးရိမ်တာကြောင့် မီးပျက်တဲ့အချိန်မှာ တစ်ခုခုမဖြစ်ရအောင် ကြိုတင်ကာကွယ်ဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်နော်။

Source & Photo Credit -Zar Chi's FB Acc

Photo Credit -Zar Chi's FB Acc
Photo Credit -Zar Chi's FB Acc
Photo Credit -Zar Chi's FB Acc
Photo Credit -Zar Chi's FB Acc
Photo Credit -Zar Chi's FB Acc
Photo Credit -Zar Chi's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T