နေပူကြီးထဲမှာတောင် အားမာန်အပြည့်နဲ့ပါ၀င်လှုပ်ရှားကာ ပြည်သူတစ်ယောက်အနေနဲ့ ဆက်တိုက်လှုပ်ရှားမှုတွေပြုလုပ်နေတဲ့ ခေးဆက်သွင်

//s9.kh1.co/82/82a37c04f1ee0a9b534ac491dab2dd5c999924dc.jpg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖေဖော်ဝါရီ (၁)ရက်နေ့တည်းကစတင်ပြီးဖြစ်ပွားခဲ့တဲ့အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေပါ၀င်ကာ ငြိမ်းချမ်းစွာနဲ့ လှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ အခုလိုပြည်သူပရိသတ်တွေဘက်ကနေ အနုပညာရှင်တွေကလည်း တတ်နိုင်သရွေ့ပါ၀င်အားဖြည့်နေကြတာကိုလည်း တွေ့ရပါတယ်နော်.....။

Photo credit-​ Khay Sett Thwin's Facebook acc
Photo credit-​ Khay Sett Thwin's Facebook acc
Photo credit-​ Khay Sett Thwin's Facebook acc
Photo credit-​ Khay Sett Thwin's Facebook acc

ပြည်သူတွေဘက်ကနေတတ်နိုင်သရွေ့ပါ၀င်နေကြတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် Mrtv-4ရဲ့ မင်းသမီးချောလေး ခေးဆက်သွင်လည်းအပါအ၀င်ဖြစ်ပါတယ်။ ခေးဆက်သွင်ဟာလည်း လှုပ်ရှားမှုတွေပြုလုပ်နေတဲ့ရက်ပိုင်းကစတင်ပြီး တတ်နိုင်တဲ့ဘက်ကနေပါ၀င်ကာလှုပ်ရှားနေသလို အစားအသောက်နဲ့အအေးဘူးတွေပါလှူဒါန်းပေးနေတာဖြစ်ပါတယ်။

Photo credit-​ Khay Sett Thwin's Facebook acc
Photo credit-​ Khay Sett Thwin's Facebook acc
Photo credit-​ Khay Sett Thwin's Facebook acc
Photo credit-​ Khay Sett Thwin's Facebook acc

၂၈.၂.၂၀၂၁မှာပြုလုပ်ခဲ့တဲ့ ပြည်လုံးကျွတ်လူထုလှုပ်ရှားမှုကြီးမှာဆိုရင်လည်း ခေးဆက်သွင်ဟာပြည်သူတစ်ယောက်အနေနဲ့ပါ၀င်ခဲ့တာဖြစ်ပြီး ပုံရိပ်တွေကိုလည်း သူမရဲ့ Facebookစာမျက်နှာမှာ

"No caption required......" ဆိုတဲ့ captionလေးနဲ့ တင်ပေးခဲ့တာဖြစ်ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ Khay Sett Thwin's Facebook acc
Photo credit-​ Khay Sett Thwin's Facebook acc
Photo credit-​ Khay Sett Thwin's Facebook acc
Photo credit-​ Khay Sett Thwin's Facebook acc

သတင်း အရင်းအမြစ်Khay Sett Thwin's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T