သူ့မှာရှိတဲ့ ခွန်အားနဲ့ တက်နိုင်သလောက် ပြည်သူတွေကို ကူညီရင်း ဒီကပ်ဆိုးကြီးကနေ ရုန်းထွက်နိုင်ဖို့အတွက် ရင်ဆိုင်ဖြေရှင်းသွားမယ်ဆိုတဲ့ ပိုင်တံခွန်

//s9.kh1.co/59/5900776cd6acf2b4830eabab30f2b3644d202b5d.jpg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ပရိသတ်ကြီးရေ မြန်မာနိုင်ငံသာမက ပြည်ပနိုင်ငံတွေအထိ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ သူလေးကတော့ မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန်ပဲ ဖြစ်ပါတယ် ။ ပိုင်တံခွန်က သူမတူတဲ့ ရုပ်ရည်နဲ့ ဆွဲဆောင်မှုမျိုးကို ပိုင်ဆိုင်ထားပြီး အနုပညာအရည်အချင်း ပြည့်ဝသူဖြစ်လို့ ပရိသတ်တွေသာမကပဲ အနုပညာရှင်အချင်းချင်းကပါ အားကျအချစ်ပိုကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မွန်မြတ်တဲ့ စိတ်ထားနဲ့ အမှန်တရားဘက်က ရပ်တည်တတ်တဲ့ သူက ယခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူတွေရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးနေတာကို တွေ့ရပါတယ်။ 

Photo credit - Paing Takhon's Facebook page 
Photo credit - Paing Takhon's Facebook page 
Photo credit - Paing Takhon's Facebook page 
Photo credit - Paing Takhon's Facebook page 

သူရဲ့ ဖေ့ဘွတ်အကောင့်မှာလည်း စာသားအချို့ကို တင်ပေးလေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း ရေးသားလာခဲ့ပါတယ်။ ဒါကတော့ " ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ နေ့တိုင်း ဘုရားဝတ်ပြုတဲ့ အခါ ရွတ်ရတဲ့ ကပ် (၃)ပါး ဆိုတာ အခု လက်ရှိခံစားနေရတာပဲ အခုတော့ (၁) ရောဂါ ကပ်ဆိုး နှင့် (၂) စစ်ဘေး ကပ်ဆိုး ကြုံနေရပြီ သိပ်မကြာခင်မှာ ဒီလို လူသားမဆန်မှုတွေနဲ့အတူ (၃) ငတ်မွတ်ခေါင်းပါးတဲ့ ကပ်ဆိုးလာတော့မယ်လူတိုင်းမှာ မွေးလာတာနဲ့ ကံတရား နဲ့ ဝဋ်ကြွေးကိုယ်စီပါလာပြီးသား ကျွန်တော် တို့အားလုံးရဲ့ ဝဋ်ကြွေးကတော့ အခုချိန်မှာ ပုံစံတူပါပဲ...

Photo credit - Paing Takhon's Facebook page 
Photo credit - Paing Takhon's Facebook page 
Photo credit - Paing Takhon's Facebook page 
Photo credit - Paing Takhon's Facebook page 

ဒီကပ်ကြီး တွေကို လက်တွဲပြီး အတူတူ ကျော်ဖြတ်ကြမယ် ကောင်းတဲ့အရာတွေ များများလုပ်ပြီး ရင်ဆိုင်ကြမယ် ကျွန်တော်ကတော့ ကျွန်တော့်ခွန်အားနဲ့ ဆွဲထူနိုင်သမျှ လူသားတိုင်းအတွက် လက်တစ်ဖက် အမြဲ ကမ်းပေးနေမှာပါ လုပ်သင့်တာတွေ လုပ်ရင်း ဘုရား တရားလည်း မမေ့နဲ့နော် ကျွန်တော့်ပရိသတ်တွေကို စိတ်ပူလို့ပါ " ဆိုပြီး ရေးသားလာတာပဲ ဖြစ်ပါတယ်။ တကယ်ကို အကျိုးရှိပြီး ဖတ်မိသူတိုင်း အကြိုက်တွေ့မိစေမှာ အသေအချာပဲဖြစ်လို့ ပိုင်တံခွန်ရေးသားထားတဲ့ စာသားလေးနဲ့ သူရဲ့ ပုံလေးတွေကို ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။ 

Photo credit - Paing Takhon's Facebook page 
Photo credit - Paing Takhon's Facebook page 
Photo credit - Paing Takhon's Facebook page 
Photo credit - Paing Takhon's Facebook page 
Photo credit - Paing Takhon's Facebook page 
Photo credit - Paing Takhon's Facebook page 

သတင်း အရင်းအမြစ်Source - Paing Takhon's Facebook page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T