(၂၈.၂.၂၀၂၁)ရက်နေ့မှာ အသက်ပေးသွားကြတဲ့သူရဲကောင်းတွေအတွက် အိမ်မှာပဲကုသိုလ်ကောင်းမှူလုပ်ပြီးအမျှပေးဝေလိုက်တဲ့ ခိုင်သင်းကြည်

//s9.kh1.co/c7/c7337e15e4c05cf8a1d76242cb69c13dea810b15.jpeg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

(၂၈.၂.၂၀၂၁)ရက်နေ့မှာ အသက်ပေးသွားကြတဲ့သူရဲကောင်းတွေအတွက် အိမ်မှာပဲကုသိုလ်ကောင်းမှူလုပ်ပြီးအမျှပေးဝေလိုက်တဲ့ ခိုင်သင်းကြည်

ပြည်သူချစ်မင်းသမီးတစ်လက်ဖြစ်တဲ့ အကယ်ဒမီခိုင်သင်းကြည်ကတော့ ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းကနေယနေ့အချိန်ထိ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာဖြစ်ပါတယ်နော်။ခိုင်သင်းကြည်တို့ဇနီးမောင်နှံက သမီးလေးကိုပါခေါ်ပြီး လမ်းမပေါ်နေ့တိုင်းထွက်နေကြတာဖြစ်ပါတယ်။စံထိပ်ထားဦးကလည်းဆယ်ကျော်သက်အရွယ်လေးဖြစ်တာကြောင့် သူမရဲ့အနာဂတ်အတွက် ကိုယ်တိုင်လှုပ်ရှားနေတာဖြစ်ပါတယ်နော်။မခိုင်လေးတို့တစ်မိသားစုလုံးကတော့ ပရိသတ်တွေအားပေးချစ်ခင်ရကျိုးနပ်လောက်အောင် ပြည်သူလူထုနဲ့ တစ်စိတ်၊တစ်ဝမ်းတည်းရှိနေကြတာဖြစ်ပါတယ်။

Photo Credit:Khine Thin Kyi’s Facebook page 
Photo Credit:Khine Thin Kyi’s Facebook page 
Photo Credit:Khine Thin Kyi’s Facebook page 
Photo Credit:Khine Thin Kyi’s Facebook page 

မခိုင်လေးတို့အနုပညာမောင်နှမတွေက အခုလိုအချိန်မျိုးမှာ စည်းစည်းလုံးလုံးရှိကြပြီး ပြည်သူတွေကိုလည်းတတ်နိုင်သလောက်ကူညီဖေးမကြတာဖြစ်ပါတယ်။အခုလိုအခြေအနေတွေကြောင့် ပြည်သူလူထုကလည်း မိမိတတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံးလုပ်ဆောင်နေကြတာဖြစ်ပါတယ်။မခိုင်လေးကလည်း အိမ်မှာပူဇော်ထားတဲ့ဘုရားမှာ ပဌာန်းတွေနေ့တိုင်းရွတ်ဖတ်ပြီး ဘာသာရေးနဲ့လည်း တစ်ဖက်တစ်လမ်းကနေ ဆောင်ရွက်နေတာဖြစ်ပါတယ်။(၂၈.၂.၂၀၂၁)ရက်နေ့ကဆိုရင် လူထုလှုပ်ရှားမှုမှာပါဝင်ကြတဲ့ သူရဲကောင်းတချို့က ကျဆုံးသွားခဲ့တာကြောင့် ပြည်သူတွေက ဝမ်းနည်းပူဆွေးနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Khine Thin Kyi’s Facebook page 
Photo Credit:Khine Thin Kyi’s Facebook page 
Photo Credit:Khine Thin Kyi’s Facebook page 
Photo Credit:Khine Thin Kyi’s Facebook page 
Photo Credit:Khine Thin Kyi’s Facebook page 
Photo Credit:Khine Thin Kyi’s Facebook page 

မခိုင်လေးကတော့ ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက် အိမ်ကဘုရားမှာပဲ ကုသိုလ်ကောင်းမှူတွေပြုလုပ်ပြီးကောင်းရာသုဂတိလားဖို့ဆုတောင်းပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း မခိုင်လေးက“ပဋ္ဌာန်းရွတ်ဖတ်ပူဇော်အရပ်ဆယ်မျက်နှာနေအားလုံးသောသတ္တဝါတွေဘေးရန်ကင်းကြပါစေ စိတ်ဆင်းရဲကင်းကြပါစေ ကိုယ်ဆင်းရဲကင်းကြပါစေ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ ကျွန်မနှင့်အတူပြည်သူတွေဖြစ်ချင်တဲ့ဆန္ဒအမြန်ဆုံးပြည့်ဝရပါလို၏ဘုရား ယနေ့ပြုသမျှကောင်းမှူကုသိုလ်နှင့်ပြုပြုသမျှကုသိုလ်တို့ကို ၂၈.၂.၂၀၂၁ တွင်အသက်ပေးသွားကြသည့်သူရဲကောင်းတို့အားအမျှပေးဝေပါတယ်။ကုသိုလ်အမျှအမျှအမျှယူတော်မူကြပါ”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်နော်။

Photo Credit:Khine Thin Kyi’s Facebook page 
Photo Credit:Khine Thin Kyi’s Facebook page 
Photo Credit:Khine Thin Kyi’s Facebook page 
Photo Credit:Khine Thin Kyi’s Facebook page 
Photo Credit:Khine Thin Kyi’s Facebook page 
Photo Credit:Khine Thin Kyi’s Facebook page 

Source&Photo Credit:Khine Thin Kyi’s Facebook page 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T