ဒါဏ်ရာရတဲ့ပြည်သူတွေ သွေးလိုအပ်လာရင်ကူညီဖို့အတွက် သူတို့ဇနီးမောင်နှံရဲ့သွေးအမျိုးအစားတွေကိုပြောပြပြီး ဆက်သွယ်နိုင်ကြောင်းပြောလာတဲ့ နိုင်းဝမ်း

//s9.kh1.co/39/39838501bbf5be15568705577972e3e004b603e5.jpg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဒါဏ်ရာရတဲ့ပြည်သူတွေ သွေးလိုအပ်လာရင်ကူညီဖို့အတွက် သူတို့ဇနီးမောင်နှံရဲ့သွေးအမျိုးအစားတွေကိုပြောပြပြီး ဆက်သွယ်နိုင်ကြောင်းပြောလာတဲ့ နိုင်းဝမ်း

အဆိုတော် နိုင်းဝမ်းကတော့ သူအရမ်းချစ်ရတဲ့ ချစ်သူလေးနဲ့ ထိမ်းမြားလက်ထပ်ပြီး သာယာချမ်းမြေ့တဲ့ အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။လက်ထပ်ခဲ့ကြတာ လပိုင်းသာရှိသေးတဲ့ နိုင်းဝမ်းတို့ဇနီးမောင်နှံကတော့ စိတ်တူကိုယ်တူနဲ့ ဘယ်ကိစ္စကိုမဆို တိုင်တိုင်ပင်ပင် လုပ်ဆောင်တတ်ကြတာ ဖြစ်ပါတယ် ။ အခုဆိုရင်လည်း နိုင်းဝမ်းရော သူ့ရဲ့ဇနီးချောလေးကပါ ပြည်သူတွေဘက်ကနေ အခိုင်အမာရပ်တည်နေပြီး အားဖြည့်ကူညီပေးနေကြတာ ဖြစ်ပါတယ် ။

Photo Credit -Kyaw Zin Latt's FB Acc
Photo Credit -Kyaw Zin Latt's FB Acc
Photo Credit -Kyaw Zin Latt's FB Acc
Photo Credit -Kyaw Zin Latt's FB Acc

လက်ရှိအခြေအနေတွေကြောင့် အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်တဲ့ နိုင်းဝမ်းက ညဘက်တွေမှာဆိုရင် သူကိုယ်တိုင် ကင်းစောင့်ပေးနေရတာလည်း ဖြစ်ပါတယ် ။ အလှူအတန်းရက်ရောကြတဲ့ နိုင်းဝမ်းတို့စုံတွဲလေးက ဒီရက်ပိုင်းမှာတော့ လမ်းပေါ်ကပြည်သူတွေအတွက် စားစရာတွေနဲ့ အချိုရည်တွေ လိုက်လံဝေငှပေးခဲ့ကြတာ ဖြစ်ပါတယ် ။ အခုလည်း နိုင်းဝမ်းတို့ဇနီးမောင်နှံက ပြည်သူတွေရဲ့အသက်ကိုကယ်တင်နိုင်ဖို့ လိုအပ်လာခဲ့ရင် သူတို့ရဲ့သွေးကို လှူဒါန်းပေးမယ့်အကြောင်း ပြောထားတာ ဖြစ်ပါတယ် ။

Photo Credit -Kyaw Zin Latt's FB Acc
Photo Credit -Kyaw Zin Latt's FB Acc
Photo Credit -Kyaw Zin Latt's FB Acc
Photo Credit -Kyaw Zin Latt's FB Acc

နိုင်းဝမ်းက "ကျွန်တော်က A သွေး ကျွန်တော့်မိန်းမက B သွေး ဒါဏ်ရာရပြည်သူတွေ သွေးလိုအပ်ခဲ့ရင် အချိန်မရွေးဆက်သွယ်ပါခင်ဗျ?? SaveMyammar " ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ အားလုံးကိုအသိပေးလိုက်တာ ဖြစ်ပါတယ် ။နိုင်းဝမ်းတို့ဇနီးမောင်နှံကတော့ ပြည်သူတွေထိခိုက်မိတာရှိလို့ သွေးလိုခဲ့ရင် အချိန်မရွေးကူညီကယ်တင်ပေးနိုင်ဖို့အတွက် အဆင့်သင့်ရှိနေကြောင်း ပြသလိုက်တာ ဖြစ်ပါတယ် ။ အခုအချိန်မှာ လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေကို ရဲဝင့်တက်ကြွစွာ လုပ်ဆောင်နေတဲ့ပြည်သူတွေလည်း ဘေးအန္တရာယ်ကင်းရှင်းကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။

Source & Photo Credit -Kyaw Zin Latt's FB Acc

Photo Credit -Kyaw Zin Latt's FB Acc
Photo Credit -Kyaw Zin Latt's FB Acc
Photo Credit -Kyaw Zin Latt's FB Acc
Photo Credit -Kyaw Zin Latt's FB Acc
Photo Credit -Kyaw Zin Latt's FB Acc
Photo Credit -Kyaw Zin Latt's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T