ပြည်သူတွေ အချင်းချင်း စည်းလုံးညီညွှတ်ပြီး မေတ္တာနဲ့ဖေးမကာ အဖိုးမဖြတ်နိုင်တဲ့ စိတ်ထားလေးတွေ အကြောင်းကို ပြောပြလာတဲ့ ယွန်းယွန်း

//s9.kh1.co/a4/a40e03c4105097ff0452583327b38802d7fe9ac1.jpg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.....သရုပ်ဆောင်ထူးချွန်တဲ့ အနုပညာရှင်တွေထဲက ကလေးသရုပ်ဆောင်အဖြစ် ပရိသတ်တွေ ရင်ထဲကို ရောက်ရှိလာခဲ့တဲ့ သူလေးကတော့ ယွန်းယွန်း ပဲဖြစ်ပါတယ်။သူမကတော့ ငယ်စဉ် ကတည်းကနေ အရွယ်ရောက်ထိတိုင်အောင် အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်နေတာ ဖြစ်ပြီး ဗီဒီယိုဇာတ်ကားတွေ အများအပြားရိုက်ကူးခဲ့ကာ အနုပညာမှတ်တိုင်အဖြစ် ကလေးသရုပ်ဆောင် အကယ်ဒမီ ထူးချွန်ဆုကိုပါ ဆွတ်ခူးရရှိ ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ဖြစ်ပါတယ်နော်.....။

Photo Credit -Yoon Yoon FB Account
Photo Credit -Yoon Yoon FB Account
Photo Credit -Yoon Yoon FB Account
Photo Credit -Yoon Yoon FB Account

ယွန်းယွန်းကတော့ လူငယ်ပီပီ သွက်လက်ထက်မြက်သူလေး ဖြစ်ကာ လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ မြန်မာပြည် အခြေအနေတစ်ရပ်ကြောင့် ပြည်သူလူထုနဲ့ အတူ ရဲဝင့်စွာ ရပ်တည်ကာ လမ်းမပေါ်ထွက်ကာ ပါဝင်လှုပ်ရှားမှုတွေကို လုပ်ဆောင်နေတာ ပဲဖြစ်ပါတယ်။မနေ့ညကဆိုရင်တော့ ယွန်းယွန်းက "အရေးတော်ပုံကြီးအောင်မြင်သွားတဲ့အခါ အချင်းချင်းမမေ့ကြရအောင်.. ပြောစရာမလိုပဲ စည်းလုံးခဲ့တာတွေ, ပြည်သူအချင်းချင်းတူတာတောင် အနစ်နာခံပေးချင်တဲ့စိတ်တွေ, အချင်းချင်းဖေးမခဲ့တဲ့ မေတ္တာတရားတွေက...ရုပ်ဆိုးအကျည်းတန်ပြီး ရင်နာစရာကောင်းတဲ့အဖြစ်အပျက်တွေကြားကနေ ပြန်မြင်ခွင့်ရခဲ့တဲ့ အဖိုးမဖြတ်နိုင်တဲ့ စိတ်ထားလေးတွေပါပဲ.. ✨

Photo Credit -Yoon Yoon FB Account
Photo Credit -Yoon Yoon FB Account
Photo Credit -Yoon Yoon FB Account
Photo Credit -Yoon Yoon FB Account

ရက်ရှည်လာတာနဲ့အမျှ ကြုံရတဲ့သင်ခန်းစာပေါ်မူတည်ပြီး ဉာဏ်တွေအမျိုးမျိုးထုတ်သုံးလာကြတယ်, လူမနည်းသွားတဲ့အပြင်တစ်မြို့နဲ့တစ်မြို့အားပေးပြီး သပိတ်စစ်ကြောင်းကိုနေ့စဉ်​ေအာင်မြင်အောင်ကြိုးစားကြတယ်, တစ်နေ့ထက်တစ်နေ့ အလှူရှင်တွေလဲပိုများလာတယ်, Profession အမျိုးမျိုးကနေပြီးတော့အင်အားတွေထွက်ပြတော့ ပြည်သူတွေအားလုံးကတစ်သားထဲလို့ခံစားလာရတယ်, ဂုဏ်ယူစရာ လုပ်ရပ်တွေ, ကမ္ဘာကိုမြင်အောင်ပြနိုင်ခဲ့တဲ့ သတ္တိတွေ.. တွေးကြည့်ရင်တကယ်ကို အများကြီးမှ အများကြီးပါပဲ ???ဒီလိုစိတ်ဓာတ်တွေနဲ့ အောင်မြင်မှုကသာ အထိုက်တန်ဆုံးပါ.. ပိုယုံကြည်လာမိတယ် ဒါအဆုံးသတ်တိုက်ပွဲပဲဆိုတာကို ✊??"ဆိုတဲ့ အားဖြစ်စေမယ့် စာလေးကို လူမူကွန်ယက်စာမျက်နှာ ထက်တွင် ရေးသားဖော်ပြလာတာ ဖြစ်တာကြောင့် ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်......။

Photo Credit -Thazin Htoo Myint FB Account
Photo Credit -Thazin Htoo Myint FB Account
Photo Credit -Thazin Htoo Myint FB Account
Photo Credit -Thazin Htoo Myint FB Account

သတင်း အရင်းအမြစ်Yoon Yoon FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T