နေ့တိုင်းအပြင်ထွက်ကာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပေမယ့် ဒီကနေ့ မထွက်ဖြစ်ရတဲ့ အကြောင်းကို ပရိသတ်တွေထံ အသိပေးပြောပြလာတဲ့ သုသု

//s9.kh1.co/40/402c7bb097dde449fcc00a8da97e1f7e76eced79.jpg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ မိတ်ကပ်ဖန်တီးရှင် ညီညီမောင် (စမ်းချောင်း) ခေါ် သုသုကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင် မင်းသမီးတွေကို အလှဆုံးဖြစ်အောင် ပြင်ဆင်ခြယ်သပေးရသူပါနော်။ သုသုရဲ့ ပြင်ဆင်မှုတွေက တကယ်ကို လှပပြီး ကြည့်ကောင်းတာကြောင့် မြင်ရသူတိုင်းက အကြိုက်တွေ့ရတာလည်း ဖြစ်ပါတယ်။ ဖော်ရွေပြီး ခင်မင်တတ်တဲ့ သုသုကို အနုပညာရှင်တွေသာမကပဲ ပရိသတ်တွေကလည်း တစ်ခဲနက်အားပေးအချစ်ပိုကြတာဖြစ်ပါတယ်။ 

Photo credit - Nyi Nyi Maung's Facebook page
Photo credit - Nyi Nyi Maung's Facebook page
Photo credit - Nyi Nyi Maung's Facebook page
Photo credit - Nyi Nyi Maung's Facebook page

သုသုက မိတ်ကပ်ဖန်တီးရှင်အဖြစ်နဲ့သာမကပဲ သရုပ်ဆောင်အဖြစ်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးနေရတဲ့ သူပါ။ သုသုက သူမရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်အားပေးကြတဲ့ ပရိသတ်တွေအတွက် မကြာခဏဆိုသလို လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ ရေးသားမျှဝေလေ့ရှိသူပါနော်။ သုသုက လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်နားထားပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတာပဲ ဖြစ်ပါတယ်။ 

Photo credit - Nyi Nyi Maung's Facebook page
Photo credit - Nyi Nyi Maung's Facebook page
Photo credit - Nyi Nyi Maung's Facebook page
Photo credit - Nyi Nyi Maung's Facebook page

တော်လှန်ရေးတွေမှာ ပါဝင်နေတဲ့ သုသုက မနေ့က ပြုလုပ်တဲ့ လူထုလှုပ်ရှားမှုကြီးမှာ တစ်တောင့်တစ်နေရာကနေ ပါဝင်ခဲ့တာဖြစ်ပြီး သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးကို ဝေမျှလာခဲ့ပါတယ်။ ဒါကတော့ လူထုလှုပ်ရှားမှုကို အကြမ်းဖက်ဖြိုခွင်းတဲ့ သူတွေကြောင့် ပြေးလွှားခဲ့ရပြီး သူရဲ့ ခြေထောက်ခေါက်ကာ နာကျင်ခဲ့ရတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ သုသုက သူရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ " မနေ့က အပြေးပြိုင်ပွဲမှာ ဇောနဲ့ မို့ခြေခေါက်လဲတာမသိတာ မနက်ရောက်တော့နာလိုက်တာ ထော့ကျိုးဖြစ်နေလို့ တစ်ရက်နားမယ်နော် ချစ်တဲ့ အပြေးမယ် သဲသု " ဆိုပြီး ရေးသားလာတာဖြစ်လို့ ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။ ချစ်ရတဲ့ ပရိသတ်တွေကလည်း သုသု ခြေထောက်အမြန်ဆုံးသက်သာဖို့အတွက် ကောမန့်မှာ ဆုတောင်းပေးကြပါအုန်းနော်။ 

Photo credit - Nyi Nyi Maung's Facebook page
Photo credit - Nyi Nyi Maung's Facebook page
Photo credit - Nyi Nyi Maung's Facebook page
Photo credit - Nyi Nyi Maung's Facebook page

သတင်း အရင်းအမြစ်Source - Nyi Nyi Maung's Facebook page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T