လူထုလှုပ်ရှားမှုအတွင်းမှာ အသက်ဆုံးရှုံးသွားခဲ့တဲ့သူတွေရဲ့ မိဘတွေငိုနေတာကိုမြင်တိုင်း မျက်ရည်ကျမိတဲ့အကြောင်းဆိုလာတဲ့ ပိုင်တံခွန်

//s9.kh1.co/bf/bf665e315e0b8d4fc5989240a618fa0cfdc7dc56.jpg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖေဖော်ဝါရီ (၁)ရက်နေ့မှစပြီးဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေအစွမ်းကုန်ပါ၀င်လှုပ်ရှားနေကြကာ ငြိမ်းချမ်းစွာနဲ့လုပ်ဆောင်နေကြတာကို အားလုံးလည်းသိမြင်ကြမယ်ထင်ပါတယ်နော်.....။ လူထုလှုပ်ရှားမှုကြီးဟာ အခုဆိုရင် တစ်လခန့်ကြာမြင့်ခဲ့ပြီဖြစ်ပြီးတော့ ပြည်သူလူထုအနေနဲ့လည်း အားမလျော့သွားပဲဆက်လက်အရှိန်အဟုန်မြင့်ပြီး ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

Photo credit-​ Paing Takhon's Facebook acc
Photo credit-​ Paing Takhon's Facebook acc
Photo credit-​ Paing Takhon's Facebook acc
Photo credit-​ Paing Takhon's Facebook acc

အရှိန်အဟုန်မြင့်မြင့်နဲ့ လုပ်ဆောင်နေကြတဲ့လူထုလှုပ်ရှားမှုကြီးအတွင်းမှာဆိုရင်လည်း အနုပညာရှင်တွေများစွာပါ၀င်လုပ်ဆောင်နေတာဖြစ်ပြီး ပိုင်တံခွန်တစ်‌ယောက်လည်း နေ့စဉ်ရက်ဆက်ပါ၀င်အားဖြည့်နေတာကိုတွေ့ရပါတယ်နော်။ ပိုင်တံခွန်ဟာ လူထုလှုပ်ရှားမှုကြီးအတွင်းမှာ Frontlineကနေ ပြည်သူတွေကိုတတ်နိုင်သရွေ့ကာကွယ်ပေးမှုတွေလုပ်ဆောင်နေတာဖြစ်ပြီး ရဲရဲဝံ့ဝံ့နဲ့ပါ၀င်လှုပ်ရှားနေတာကိုလည်း ပရိသတ်တွေမြင်တွေ့ကြမယ်ထင်ပါတယ်။

Photo credit-​ Paing Takhon's Facebook acc
Photo credit-​ Paing Takhon's Facebook acc
Photo credit-​ Paing Takhon's Facebook acc
Photo credit-​ Paing Takhon's Facebook acc

လူထုလှုပ်ရှားမှုကြီးဟာ အခက်အခဲအတားအဆီးတွေများစွာကြုံတွေ့နေရတဲ့အတွက် အသက်ပေးခဲ့ရတဲ့သူတွေအများအပြားလည်း ရှိလာနေတာဖြစ်ပါတယ်။ အခုလိုအသက်ပေးခဲ့ရတဲ့သူတွေအတွက် ပိုင်တံခွန်ဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ "ဆုံးရှုံးသွားတဲ့ ညီ ညီမတွေရဲ့ မိဘတွေ ငိုနေတဲ့ video တွေ မြင်တိုင်း ကျနော် မျက်ရည်ကျမိတယ် ရင်းခဲ့တဲ့ အသက်တွေအတွက် ကြိုးစားနေတာပါ..." ဆိုပြီးရေးသားထားခဲ့ပါတယ်။ ပရိသတ်တွေအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ Paing Takhon's Facebook acc
Photo credit-​ Paing Takhon's Facebook acc
https://s9.kh1.co/__image/w=650,h=288,q=100/90/90d434cd4a0e658ef228e75aa162e198500ed4e7.jpg

သတင်း အရင်းအမြစ်Paing Takhon's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T