အခက်အခဲတွေများစွာကြားကပြေးလွှားရင်းနဲ့ပဲ လှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေကို အစားအသောက်တွေဝေငှခဲ့တဲ့ နန်းစန္ဒာလှထွန်း

//s9.kh1.co/e0/e0f3c4ff9620215eb7575790487ccf3ab1374537.jpeg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.....

အနုပညာလောကမှာ အချိန်အတိုအတွင်း အောင်မြင်မှုတွေနဲ့အတူ အကောင်းဆုံးလျှောက်လှမ်းလာတဲ့ သူကတော့ မင်းသမီးလေး နန်းစန္ဒာလှထွန်း ပဲဖြစ်ပါတယ်။သူမကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း ပြည်သူလူထုတွေနဲ့အတူ ရပ်တည်ပြီး အင်တိုက်အားတိုက် အားဖြည့်ပါဝင်နေတာကိုလေးစားစွာ တွေ့မြင်ရပါတယ်နော်။

 Photo Credit : Nan Sanda Hla Htun Facebook Account
 Photo Credit : Nan Sanda Hla Htun Facebook Account
 Photo Credit : Nan Sanda Hla Htun Facebook Account
 Photo Credit : Nan Sanda Hla Htun Facebook Account

လူထုလှုပ်ရှားမှုတွေပြုလုပ်နေသလို အစားအသောက်တွေလည်း ပေးဝေလှူဒါန်းပြီး တတ်အားသရွေ့ပါဝင်နေတာကိုလည်း မကြာခဏဆိုသလို မြင်တွေ့ရတာမို့ ပရိသတ်တွေကလည်း လေးစားသဘောကျနေကြတာပါ။နေ့စဉ်တိုင်းလိုလို ယနေ့အချိန်ထိ လူငယ်တစ်ယောက်ပီပီ တိုင်းပြည်ရဲ့ အနာဂတ်လှပအောင် ယုံကြည်ချက်တွေအပြည့်နဲ့ ရဲဝင့်စွာ လမ်းပေါ်ထွက် လှုပ်ရှားမှုတွေပြုလုပ်နေတာ တကယ်ကိုလေးစားစရာပါနော် ။

 Photo Credit : Nan Sanda Hla Htun Facebook Account
 Photo Credit : Nan Sanda Hla Htun Facebook Account
 Photo Credit : Nan Sanda Hla Htun Facebook Account
 Photo Credit : Nan Sanda Hla Htun Facebook Account

တစ်နေ့ထက်တစ်နေ့အရှိန်အဟုန်ပြင်းလာတဲ့ လူထုလူပ်ရှားမှုတွေက နိုင်ငံတကာရဲ့ သတင်းစာမျက်နှာတွေထက်မှာလည်း အချိန်နဲ့တစ်ပြေးညီဖော်ပြခံနေရတာပါ။အခုလည်းနေ့စဉ်လှုပ်ရှားမှုပြုလုပ်နေတဲ့ သူရဲကောင်းတွေအာဟာရပြည့်ဝစေဖို့အတွက် နန်းစန္ဒာလှထွန်းဟာ အခက်အခဲတွေကြားကနေပြေးရင်းလွှားရင်း မရရအောင် အစားသောက်တွေဝေပေးဖြစ်ခဲ့ပြန်ပါတယ်။ပုံလေးတွနဲ့အတူ " အခက်ခဲတွေကြား ပြေးလွှားရင်း နဲ့ပဲ ပါဝင်ပေးကြတဲ့အလှူရှင်တွေအားလုံးလည်းကျေးဇူးတင်ပါတယ် မာလာရှမ်းကော ဘူး ၁၅၀၀ မန်းမြို့တော်ပေါက်စီ ၁၀၀ ဒီနေ့တော့ လူတွေ စောနဲ့ ပြေးလိုက်ရ မောကမောနဲ့ဆိုတော့ သိပ်တောင်မစားဖြစ်ကြပါဘူး .. ကိုယ်တွေလည်း ဗိုက်ဆာနေမှာစိုးလို့ အနီးနားက လမ်းတွေ လိုက်ပတ်ဝေလိုက် သွားအော်လိုက် ပြေးလိုက်နဲ့ပဲ အားလုံးအဆင်ပြေခဲ့တယ် "ဆိုတဲ့စာလေးကိုရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးရင်း အားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာ အိမ်ပြန်ရောက်ကြပါစေ ဆုတောင်းပေးလိုက်ပါတယ်နော်။ 

 Photo Credit : Nan Sanda Hla Htun Facebook Account
 Photo Credit : Nan Sanda Hla Htun Facebook Account
 Photo Credit : Nan Sanda Hla Htun Facebook Account
 Photo Credit : Nan Sanda Hla Htun Facebook Account

Source & Photo Credit : Nan Sanda Hla Htun Facebook Account

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T