လူထုလှုပ်ရှားမှုမှာအသက်ပေးလိုက်ရတဲ့သူရဲကောင်းတွေနဲ့ထိခိုက်ဒဏ်ရာရခဲ့တဲ့ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်ကာ တစ်နေကုန်ငိုနေရတဲ့ Mary

//s9.kh1.co/29/2982c9e03a8187b1d4bce64a76c010307d8b9966.jpeg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်မလေး  Mary ကတော့  ဂီတလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်ရင်း  ပရိသတ်တွေရဲ့ အားပေးမှုတွေကို  သိမ်းပိုက်ရရှိထားတာလည်း  ဖြစ်ပါတယ်။  သူမရဲ့ အသံလေးဟာလည်း  နားဆင်သူတိုင်းရဲ့ ရင်ဘက်အတွင်းပိုင်းထိရောက်အောင် သီချင်းလေးတွေကို  ကိုယ်တိုင်ဖန်တီး ရေးသားသီဆိုနေသူတစ်ယောက်လည်း  ဖြစ်ပါတယ်။  Mary ဟာ ပြည်သူတွေနဲ့အတူ  လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။

Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page

နေ့စဉ်ပြည်သူတွေနဲ့အတူ  လမ်းပေါ်ထွက်ကာ  ပူးပေါင်းပါဝင်နေရုံတင်မကဘဲ  စားစရာ၊သောက်စရာများကိုလည်း  သူငယ်ချင်းများနဲ့ စုပေါင်းကာ လှူဒါန်းပေးနေတာလည်း  ဖြစ်ပါတယ်။  ဒါ့အပြင်  လတ်တလောအခြေအနေတွေပြင်းထန်နေပြီး  ကွယ်လွန်သွားခဲ့တဲ့  သူများနဲ့ ဒဏ်ရာရရှိတဲ့ သူများလည်း ရှိနေခဲ့ပါပြီနော်။  အနုပညာရှင်များသာမက  ဒီလှုပ်ရှားမှုမှာ  ပါဝင်နေတဲ့  တစ်နိုင်ငံလုံးက  ပြည်သူတွေကလည်း   ကွယ်လွန်သွားခဲ့ကြတဲ့  သူရဲကောင်းတွေအတွက်  ဝမ်းနည်းနေကြတာလည်း  ဖြစ်ပါတယ်။  

Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page

မကြာသေးခင်  နာရီပိုင်းလောက်ကလည်း Mary ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  လူထုလှုပ်ရှားမှုမှာအသက်ပေးလိုက်ရတဲ့သူရဲကောင်းတွေနဲ့ဒဏ်ရာရခဲ့တဲ့ပြည်သူတွေအတွက် ဝမ်းနည်းကြေကွဲစွာငိုကြွေးနေရကြောင်းကိုရေးသားထားတာလည်း  ဖြစ်ပါတယ်။  " 2021 February ရယ် အရမ်းငိုရပါလားနော်

ဒီပွဲမှာအသက်ပေးလိုက်ရတဲ့သူရဲကောင်းတွေရော ထိခိုက်သွားတဲ့သူတွေအတွက်ရော စိတ်မကောင်းလွန်းလို့တစ်နေကုန်ငိုရလွန်းလို့ လူလည်း အရုပ်ကြိုးပျက်ဖြစ်နေပြီ...

သိပ်မကြာခင်အချိန်မှာ မြန်မာပြည်ကြီး ဒီမိုကရေစီပြန်ရလို့ အားလုံးပျော်ရွှင်နေတဲ့အချိန်ကို အသက်ပေးသွားတဲ့သူတို့တွေ တွေ့ခွင့်မရကြတော့ပါလားဆိုပြီးတွေးရင်...

လူတိုင်းမှာက အနာဂတ်တွေ အိမ်မက်တွေအကောင်အထည်ဖော်ခွင့်ရတဲ့အချိန် သူတို့မှာမရှိတော့ပေမယ့် ဒီနေ့ကျဆုံးသွားတဲ့သူရဲကောင်းတွေအားလုံးကို Mary တို့နှလုံးသားထဲမှာ အမြဲဂုဏ်ပြုလေးစားနေမှာပါ...

Rest In Peace ပါ သူရဲကောင်းတို့ရေ?️

#MilkTeaAlliance

#WeWantJustice

#Feb28Coup

#NoMoreDictatorship “ ဆိုပြီး  ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေအတွက်  ဒီသတင်းလေးကို  တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Mary’s Facebook Page

Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page
Photo Crd-Mary’s Facebook Page
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T